ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်း


ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / May 23, 2020
image_latest


ရန်ကုန် မေ ၂၃

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေးနှင့်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံအလှူငွေနှင့် ပစ္စည်းများလာရောက်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်  ၁၀ နာရီ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် တိုင်းဒေသကြီး ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က ရန်ကုန်တွင် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ် ၊ ကာကွယ်နိုင်ရန်အတွက် အင်းစိန် ၊ လှိုင်သာယာ ၊ တာမွေ ၊ ဗဟန်းမြို့နယ်များရှိ ပြည်သူလူထုအတွင်း ကွင်းဆင်း၍ ကျန်းမာရေး စစ်ဆေးပေးခဲ့ကြောင်း ၊ထိုသို့စစ်ဆေးပေးခဲ့ခြင်းဖြင့် ပြည်တွင်းကူးစက်မှုများ ရပ်တန့်သွားအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အခြားမြို့နယ်များသို့လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း​နှင့် ယခုလို့လာရောက်လှူဒါန်းကြသည့် အလှူရှင်များ အားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြား ခဲ့သည်။

လာရောက်လှူဒါန်းကြသည့်အလှူရှင်များမှ GTIG Myanmar Industrial Park Limited မှ  ငွေကျပ်သိန်း ၁၀၀၀ တန်ဖိုးရှိ ရောဂါကာကွယ်ရေးဝတ်စုံ  ၁၀၀၀ စုံ ၊ နှာခေါင်းစည်း    နှစ်သိန်း  ၊ဒေါက်တာဒေါ်သန်းမြင့်နှင့် ဗုဒ္ဓဘာသာသီလရှင်ဆရာကြီး ဆရာလေးများမှ ငွေကျပ်သိန်း ၅၀၀ တန်ဖိုးရှိ အသက်ရှုစက် ၂ လုံး ၊ ဦးကျော်ထွဋ်ခေါင်၊ Eslite Garment Co;ltd မှ ငွေကျပ် ၄၂၅ သိန်း တန်ဖိုးရှိ ICU သုံး ရောဂါကာကွယ်ရေးဝတ်စုံ  ၂၅၀၀ စုံ ၊Best Hubo Co;Ltd မှ ငွေကျပ်သိန်း ၂၈၀ တန်ဖိုးရှိ နှာခေါင်းစည်း  ၁၀၀၀၀၀ တစ်သိန်း  ၊ ထိန်ချုံးမြို့ ဟိန်ယိသတ္တုထွက်ကုန်ပစ္စည်း ကုမ္ပဏီလီမိတက်မှ ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ N 95 နှာခေါင်းစည်း ၁၀၀၀ ခု ၊ ဦးစံဝင်း My Holding Co.Ltd မှ ငွေကျပ် ၇၅ သိန်းတန်ဖိုးရှိ ရောဂါကာကွယ်ရေးဝတ်စုံ ၃၀၀ စုံ ၊ PANKO MYANMAR Co.,Ltd မှ ငွေကျပ်သိန်း ၁၅၀ တန်ဖိုးရှိ အလှူငွေကျပ်သိန်း ၅၀ ၊  ခေါက်ဆွဲခြောက်ထုပ် ၁၅၀၀၀ ထုပ် ၊ နှာခေါင်းစည်း   ၂၅၀၀၀ ခု ၊ ဦးရှောစိန်မှ ငွေကျပ်သိန်း ၁၂၀ တန်ဖိုးရှိ အပူချိန်တိုင်းကိရိယာ ၂၀၀ ခု ၊ ဦးသူတော် ဒေါ်လှလှသိန်း  ရွှေစင်အကယ်ဒမီရတနာရွှေဆိုင် မိသားစုမှ အလှူငွေကျပ်သိန်း ၁၀၀ ၊ ရခိုင်ဒေသခံ မွတ်စလင်မိသားစုမှ ငွေကျပ် ၉၈,၇၀၀၀၀ တန်ဖိုးရှိ နှာခေါင်းစည်း ၁၇၀၀၀ ခု ၊ ကာကွယ်ရေးဝတ်စုံ ၂၀၀ စုံ ၊ လက်သန့်ဆေးရည် ၂၀၀ ဘူး၊ ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ငွေကျပ် ၇၅ သိန်းတန်ဖိုးရှိကာကွယ်ရေးဝတ်စုံ  ၅၀ စုံ ၊ နှာခေါင်းစည်း  ၂၀၀၀၀  ခု ၊ ခေါက်ဆွဲခြောက် ၃၀၆၀ ထုပ် ၊ ဦးဉာဏ်ဝင်း My Holding Co.Ltd မှငွေကျပ် ၇၅ သိန်း တန်ဖိုးရှိ ကာကွယ်ရေးဝတ်စုံ  ၃၀၀ စုံ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ ရန်ကုန်တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ မှ ငွေကျပ် ၃၃ သိန်းတန်ဖိုးရှိ ကာကွယ်ရေးဝတ်စုံ  ၁၀၀ စုံ ၊ လက်သန့်ဆေးရည် ၁၂၀ ဘူး ၊ ရာဘာဖိနပ်ရှည် ၂၅ ရံ ၊ ပိုးသတ်ဆေး ၇၀ ဂါလံ  ၊ Gold Brother Gorup Co.Ltd မှ အလှူငွေကျပ် သိန်း ၃၀ ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် အမျိုးသားသင်ရိုးညွှန်တမ်းကော်မတီ ၊အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ ၊ ပါမောက္ခချုပ်များကော်မတီ တို့မှ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများမှ အလှူငွေကျပ် ၁၄,၃၀၀၀၀ ၊ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ ငွေကျပ် ၁၄ သိန်းတန်ဖိုးရှိ  ပိုးသတ်ပြီး ချည်ထည် နှာခေါင်းစည်း ၂၀၀၀ ခု ၊ ဒေါက်တာ ဒေါ်မြသီတာ SI Group of Companies မှ ငွေကျပ် ၁၀ သိန်းတန်ဖိုးရှိ လက်သန့်ဆေးရည် ၅၀၀ ml ၄၀ ဘူး နှင့် ၁၈၀၀ ml ၄၀ ဘူး ၊Happy World မိသားစု မှ ငွေကျပ် ၉ သိန်း တန်ဖိုးရှိ ဘက်စုံသုံးပေါင်းအိုး ၁၂၅ လုံး ၊ ဒီမိုကရက်တစ်ပါတီ မြန်မာ မှ ငွေကျပ် ၅ သိန်းတန်ဖိုးရှိ နှာခေါင်းစည်း ၅၀၀ ခု ၊ လက် သန့်ဆေးရည် ၃၀ ဘူး ၊ ခေါင်းစွပ် ၅၀၀ ခု ၊ လက်အိတ် ၅၀၀ ခု ၊ ကာကွယ်ရေးဝတ်စုံ ၅ စုံ တို့ကိုလှူဒါန်းရာ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက လက်ခံရယူပေးကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ထို့အပြင် A.C Pharmaceutical Industrial Company Limited (Thailand)က ငွေကျပ်သိန်း(၁၀၀)ကို လည်းကောင်း၊ China Pounding for Poverty Alleviation အမေရိကန်ဒေါ်လာ ၃၁၄၈ ကို လည်းကောင်း We Love Yangon အဖွဲ့သို့လှူဒါန်းရာ ဝန်ကြီးချုပ်က လက်ခံယူခဲ့သည်။

ဆန်းကျော်ဦး (ပြန် /ဆက်)

HOT NEWS
January 4,