ရုရှား-မြန်မာ အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး
ရုရှား-မြန်မာ အာကာသနည်းပညာပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 26, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၆
နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်းမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ (ROSCOSMOS) အထွေထွေအတွင်းရေးမှူးချုပ် H.E.BAKANOV Dmitry Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာအာကာသအေဂျင်စီ (MSA) ၌ မြန်မာအာကာသအေဂျင်စီအမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံကာ ရုရှား-မြန်မာအာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့သည်။
ထို့နောက် H.E.BAKANOV Dmitry Vladimirovich နှင့် အဖွဲ့သည် မြန်မာအာကာသအေဂျင်စီ (MSA) မှ တာဝန်ရှိသူများ လိုက်ပါ၍ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ အာကာသပြတိုက်၌ လေ့ကျင့်ရေးအထက်တန်းကျောင်း (ကမာရွတ်မြို့နယ်) မှ အလယ်တန်း၊ အထက်တန်းကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ H.E.BAKANOV Dmitry Vladimirovich က အာကာသနည်းပညာအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ခရီးစဉ်တွင်လိုက်ပါလာသည့် ဆိုဗီယက်ပြည်ထောင်စုသူရဲကောင်းဘွဲ့နှင့် ရုရှားနိုင်ငံ၏ သူရဲကောင်းဘွဲ့ချီးမြှင့်ခြင်းခံရသူ အာကာသယာဉ်မှူး Mr. KRIKALEV Sergei Konstantinovich က အာကသသို့ ပျံသန်းခြင်းဆိုင်ရာ အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
