ရေစကြိုမြို့နယ်၊ ဇရပ်နီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ တစ်ဖက်သတ်စွပ်စွဲရေးသား ဝါဒဖြန့်
ရေစကြိုမြို့နယ်၊ ဇရပ်နီကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ တစ်ဖက်သတ်စွပ်စွဲရေးသား ဝါဒဖြန့်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 06, 2025

နေပြည်တော် မတ် ၆
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဇရပ်နီကျေးရွာကို မတ်လ ၅ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ တစ်ဖက်သတ်စွပ်စွဲရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ရေစကြိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ကျေးရွာအတွင်းမှ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့သည့်အတွက် ကျေးရွာအတွင်းမှ အကြမ်းဖက်သမားများက နေအိမ်အချို့ကို မီးရှို့ပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန် သတင်းတု၊ သတင်းအမှားများဖြင့် လုပ်ကြံရေးသားပြီး လှုံ့ဆော် ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။