ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်စွပ်စွဲရေးသား ဖြန့်ဝေလျက်ရှိ

ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်စွပ်စွဲရေးသား ဖြန့်ဝေလျက်ရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 25, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ချီပါကျေးရွာရှိ နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် ဧပြီလ ၂၄ ရက်နေ့တွင်ဖြစ်ပွားခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများသည် ရွှေဘို-ဆိပ်ခွန်-မူးကမ်းကြီး လမ်းပိုင်းတွင် ကုန်စည်စီးဆင်းမှုပြုလုပ်နေသည့် ကုန်ကားများနှင့်ခရီးသွားပြည်သူများကို ငွေကြေးကောက်ခံခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး ၎င်းကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အကြမ်းဖက်သမားများက လက်လုပ်လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ချီပါကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သည်ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သိရှိရပါသည်။

ထိုသို့ ပြည်သူများကို ဖမ်းဆီးနှိပ်စက်ပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချရန် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် တစ်ဖက်သတ်စွပ်စွဲ ရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,