ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဘိန်းစိုက်ခင်းများ ဖျက်ဆီး


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 05, 2026


     ၂၀၂၆ ခုနှစ်၊ မတ် ၃ ရက်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ စုစုပေါင်း ဘိန်းစိုက်ခင်း ၆၈ ဧကခန့်အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ မတ် ၃ ရက် နံနက် ၇ နာရီ ၄၀ မိနစ်မှ ညနေ ၄ နာရီထိ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူး ပေါင်းအဖွဲ့က လွိုင်လင်မြို့နယ်၊ တန့်အယ်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၃၈ ဧကခန့်အား လည်းကောင်း။

     အလားတူ နံနက် ၈ နာရီ ၄၅ မိနစ်မှ နံနက် ၁၁ နာရီ ၃၀ မိနစ်ထိ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဟိုပုံးမြို့နယ်၊ လိုက်ကတူးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၅ ဧကခန့်အား လည်းကောင်း။

     ထို့အတူ နံနက် ၈ နာရီ ၅၀ မိနစ်မှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ပင်လောင်းမြို့နယ်၊ ဗန်းမောက်ကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၉ ဧကခန့်အား လည်းကောင်း။ 

     ထို့အတူ နံနက် ၈ နာရီ ၅၀ မိနစ်မှ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ဆီဆိုင်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့နယ်၊ ပန်လိုင်းကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၉ ဧကခန့်အား လည်းကောင်း။

     ထို့အတူ နံနက် ၉ နာရီ ၄၀ မိနစ်မှ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ထိ နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က နမ့်စန်မြို့နယ်၊ နားမိုးကျေးရွာအနီးတစ်ဝိုက်ရှိ သီးပွင့်ဆဲ ဘိန်းစိုက်ခင်း ၇ ဧကခန့်အား လည်းကောင်း အသီးသီး ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိပါသည်။