ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / August 12, 2025
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၉ ရက်က ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၌ ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဩဂုတ် ၉ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ HAPPY CITY ကစားကွင်း၌ ငါးမန်းဂိမ်းလောင်းကစား ပြုလုပ် နေကြောင်း သတင်းအရ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ငါးမန်းဂိမ်းလောင်း ကစား ပြုလုပ်နေသူ အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်နေ ကျော်ရင်(၄၁)နှစ်ပါ အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ငါးမန်းဂိမ်းလောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သဖြင့် ကျော်ရင်ပါ ၁၁ ဦးအား အောင်ပန်းနယ်မြေရဲစခန်း (ပ)၉၈/၂၀၂၅၊ လောင်းကစား ဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,