ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၇,၃၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိ

ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၇,၃၅၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 14, 2025
ကျော်ကျော်ထက်အောင်နှင့် သက်ကျော်ဦးတို့အား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။


     ၂၀၂၅ ခုနှစ်၊ မတ် ၁၁ ရက် နံနက် ၉ နာရီ ၄၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ ယန်းလောကျေးရွာအုပ်စု၊ ကျိုင်းဖောင်းကျေးရွာအနီးတွင် ကျော်ကျော်ထက်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၉ ပြား(တစ်ပြားလျှင် ၇၀၀ ကျပ်နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၆,၃၀၀ ကျပ်) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၉ နာရီ ၄၅ မိနစ်တွင် အဆိုပါနေရာ၌ သက်ကျော်ဦး မောင်းနှင်လာသည့် LIFAN အမျိုးအစား မော်တော်ယာဉ်ကို ဆက်လက် ရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူဘလောက်တုံး ၁၄၀ တုံး၊ အလေးချိန် ၄၉ ကီလို(တစ်ကီလိုလျှင် ၁၅၀ သိန်းနှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေ ၇,၃၅၀ သိန်း) သိမ်းဆည်းရမိခဲ့သဖြင့် ကျော်ကျော်ထက်အောင်(၃၂)နှစ်နှင့် သက်ကျော်ဦး(၂၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,