ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံး
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / March 29, 2026
၂၀၂၆ ခုနှစ်၊ မတ် ၂၆ ရက်က ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၂၆ ရက် ည ၁၁ နာရီ ၁၅ မိနစ်တွင် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ ခေါင်တိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းရှေ့လမ်းကွေ့၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ခေါင်တိုင်ကျေးရွာလမ်းအတိုင်း ညောင်ရွှေမြို့နယ်၊ လှေဆိပ်ကျေးရွာနေ ဦးကျော်လှ(၅၁)နှစ် မောင်းနှင်လာသည့် LUOJIA 110 ဆိုင်ကယ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ သဲကုန်းကျေးရွာနေ ဦးအောင်ကျော်ဖြိုး(၃၉)နှစ် မောင်းနှင်လာသည့် SHN-17/7N-XXXX MITSUBISHI CANTER ခြောက်ဘီး မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဦးကျော်လှတွင် ထိခိုက်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့သောကြောင့် ကျော်လှ အား ညောင်ရွှေမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
