ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / November 07, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၄ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၌ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဖတ်ဟိ(ထက်)ကျေးရွာနေ လော်ဘူ(၂၅)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၇၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၄၂ သိန်း)အား ဖမ်းဆီးရမိသဖြင့် လော်ဘူ အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
