ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၀ မဂ္ဂါဝပ်) စီမံကိန်းဆောင်ရွက်နေမှုအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၁၀ မဂ္ဂါဝပ်) စီမံကိန်းဆောင်ရွက်နေမှုအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / August 14, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၁ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ် ဓာတ်အားပေးစက်ရုံ (၁၀ မဂ္ဂါဝပ်) စီမံကိန်းဆောင်ရွက်နေမှုအား ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မ တီဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ စီမံကိန်းဆောင်ရွက်နေသည့် ကုမ္ပဏီမှ တာဝန်ရှိသူတို့နှင့်အတူ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။