ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ငွေကျပ်သိန်း ၃,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ငွေကျပ်သိန်း ၃,၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ သိမ်းဆည်းရမိ


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / September 25, 2021
သိမ်းဆည်းရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လည် ၁၁ နာရီခွဲအချိန်တွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ ခိုဝိန်း နယ်မြေ၊ အမှတ်(ခဝ/၁၃၇)၊ အခန်း(၁၀)တွင် ငှားရမ်းနေထိုင်သူ ကျောက်ကွမ်ကြူ(ခ)ကျောက်ကျုံး (၃၅)နှစ်၏နေအိမ်အား သတင်းအရရှာဖွေရာ နေအိမ်အတွင်းမှ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆၂၀,၀၀၀ ပြားနှင့် စိတ်ကြွဆေးပြား အကြေ ၂ ဒသမ ၄ ကီလိုတို့ သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။ 

HOT NEWS
January 4,