လှည်းကူးမြို့နယ်၊ ငမိုးရိပ်ဆည် ရေထိန်းတံခါးအတွင်း အမှိုက်များပိတ်ဆို့မှုအား ရှင်းလင်းဖယ်ရှား၊ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လှည်းကူးမြို့နယ်၊ ငမိုးရိပ်ဆည် ရေထိန်းတံခါးအတွင်း အမှိုက်များပိတ်ဆို့မှုအား ရှင်းလင်းဖယ်ရှား၊ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 13, 2023
image_latest


နေပြည်တော် အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ငမိုးရိပ်ချောင်းရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး ငမိုးရိပ်ဆည်ရေထိန်းတံခါးအတွင်း အမှိုက်များ ပိတ်ဆို့မှုဖြစ်ပေါ်လျက်ရှိရာ အောက်တိုဘာ ၁၂ ရက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ပိတ်ဆို့လျက်ရှိသော အမှိုက်များအား ရှင်းလင်း ဖယ်ရှားပေးခြင်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။

ထိုသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး ဆည်အတွင်းရေဝင်ရောက်မှုနှင့် ရေထိန်းတံခါး ကြံ့ခိုင်မှုအခြေအနေများအား ကြည့်ရှုကာ တာဝန်ရှိသူများအား လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။

အလားတူ လှည်းကူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြာအင်းကျေးရွာရှိ ဇေတဝန်ကျောင်းတိုက်၊ ကြို့ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းနှင့် ကမ်းနီကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ရေများပြန်လည်ကျဆင်းသွားပြီဖြစ်ရာ ယနေ့ နံနက်ပိုင်းတွင် အင်းတိုင်တပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက ကျောင်းဝန်းများအတွင်း/အပြင်ရှိ တင်ကျန်ခဲ့သော နုံးများနှင့် အမှိုက်များအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ စာသင်ခုံများအား ပြန်လည်နေရာချထားပေးခြင်းနှင့် လိုအပ်သည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။