ဟိုတယ်များ မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပနေစေရေးနှင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအဆင့်အတန်းများ မြင့်မားလာစေရေး အစဉ်တစိုက် အကောင်အထည်ဖော်
ဟိုတယ်များ မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပနေစေရေးနှင့် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအဆင့်အတန်းများ မြင့်မားလာစေရေး အစဉ်တစိုက် အကောင်အထည်ဖော်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန/ နေပြည်တော် / August 25, 2025
နေပြည်တော် ဩဂုတ် ၂၂
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဗီယက်နမ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဖြင့် ရန်ကုန်မြို့၌ နိုင်ငံတကာအဆင့်မီဟိုတယ်နှင့် စီးပွားရေးဆိုင်ရာအဆောက်အအုံများပါဝင်သော စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Hoang Anh Gia Lai Myanmar Company Limited (HAGL Myanmar) ၏ ဒါရိုက်တာနှင့် အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြ ရေး၊ လုပ်ငန်းများအား သတ်မှတ်ကာလအတိုင်း အချိန်မီပြီးစီးအောင် အကောင်အထည်ဖော်ကြရေး၊ ခရီးသွားရာသီအမီ လုပ်ငန်းများလည်ပတ်နိုင်အောင် ပြင်ဆင်ကြရေး၊ နိုင်ငံတော်သို့ပေးသွင်းရမည့် ငှားရမ်းခများ၊ အခွန်အခများကို အပြည့်အဝပေးသွင်းကြရေး၊ အဆောက်အအုံ/ အခန်းများအား သတ်မှတ်ထားရှိသည့် စံချိန်စံညွှန်းများနှင့်အညီ ဆောက်လုပ်ကြရေး တာဝန်ရှိသူများကို ပြောကြား ပြီး မြန်မာ-ဗီယက်နမ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ HAGL Myanmar ၏ ဒါရိုက်တာဖြစ်သူ Mr. Nguyen Van Kha နှင့် အဖွဲ့ဝင်များပါဝင် တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ နီလာအစည်းအဝေးခန်းမ၌ လုပ်ငန်းများယာယီရပ်ဆိုင်းထားသော ဟိုတယ်များအား ပွင့်လင်းရာသီ ကာလ ခရီးသွားရာသီအမီ လုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်လုပ်ကိုင်နိုင်ကြရေးနှင့်
စပ်လျဉ်းသော ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ပြီး ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ဟိုတယ်များ ပြန်လည်ပြုပြင်မွမ်းမံနေမှုအခြေအနေများနှင့် ကြုံတွေ့နေရသော အခက်အခဲများကို ကူညီပံ့ပိုးပေး နိုင်ရန် မြေပြင်ကွင်းဆင်းဆောင်ရွက်နေမှုအခြေအနေများ၊ ဟိုတယ်များမှ ဧည့်သည်များ ပြန်လည် လက်ခံဆောင်ရွက်နေမှုအခြေအနေများ၊ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းများယာယီရပ်ဆိုင်းထား သော ဟိုတယ်များမှ အမြန်ဆုံးပြန်လည်ဖွင့်လှစ်လုပ်ကိုင်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ များ၊ ဟိုတယ်များအနေဖြင့် မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပနေစေရေးနှင့်ဟိုတယ် ဆိုင်ရာဝန်ဆောင်မှုအဆင့်အတန်းများ မြင့်မားလာစေရန် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ရုံးခွဲတာဝန်ခံများက ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ အစဉ်တစိုက် အကောင်အထည်ဖော်ကြရေးကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ဥပဒေ၊ စည်းမျဉ်း/ စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက် ကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Source From: MyanmarAlin