အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၉) သင်တန်းဖွင့်လှစ်

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၉) သင်တန်းဖွင့်လှစ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 17, 2025
image_latest


နေပြည်တော် ဇွန် ၁၆

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပညာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံးတို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်၊ သင်ကြား၊ စီမံဌာနများမှ ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ယခုသင်တန်းတွင် နိုင်ငံတော်၏ မူဝါဒ၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေခံအချက်များကို သိရှိပြီး တစ်ချိန်တည်းတွင် ကျောင်းသားများနှင့် စပ်လျဉ်းသည့် စီမံခန့်ခွဲရေး၊ သင်ကြားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ ဆရာ့သိက္ခာနှင့် ကျင့်ဝတ်များကို သဘောပေါက်တန်ဖိုးထားတတ်စေရေး၊ နိုင်ငံ့ဝန်ထမ်းများ သိထားသင့်သည့် ဥပဒေ၊ နည်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိနားလည်ပြီး စိတ်ဓာတ်ခံယူချက်များ ပိုမိုကောင်းမွန်လာရေး သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ ရရှိသည့်အချိန်အတွင်း ထိရောက်အကျိုးရှိအောင် သင်ယူလေ့လာသွားရန်နှင့် သင်တန်းကာလအတွင်း မိမိတို့၏ သင်ကြားသင်ယူမှုဆိုင်ရာ အတွေ့အကြုံများကို မျှဝေဖလှယ်သွားရန် တိုက်တွန်းမှာကြားသည်။

အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၇၉) သို့ သင်တန်းသား ၇၇ ဦး၊ သင်တန်းသူ ၂၉၇ ဦး စုစုပေါင်း ၃၇၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန် ၁၆ ရက်မှ ဇူလိုင် ၁၈ ရက်ထိ ရက်သတ္တငါးပတ်ကြာမြင့်မည်ဖြစ်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ် (၁၁၃) မှ သင်တန်းသား သင်တန်းသူများ၏ စီမံခန့်ခွဲမှုနှင့် ဥပဒေသင်ခန်းစာများ ဆွေးနွေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၇၉) မှ သင်တန်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,