အောင်လံမြို့နယ်၊ ရွှေသူဌေးကျေးရွာ၌ စက်ရေတွင်းတူးဖော်နေမှုအား စစ်ဆေး

အောင်လံမြို့နယ်၊ ရွှေသူဌေးကျေးရွာ၌ စက်ရေတွင်းတူးဖော်နေမှုအား စစ်ဆေး


သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2023
image_latest


အောင်လံမြို့နယ်၊ ရွှေသူဌေးကျေးရွာ၌ စက်ရေတွင်းတူးဖော်နေမှုအား စစ်ဆေး

အောင်လံ  စက်တင်ဘာလ ၁၉

မကွေးတိုင်းဒေသကြီး၊  အောင်လံခရိုင်၊ အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွာပြင်း ကျေးရွာအုပ်စု၊ ရွှေသူဌေးကျေးရွာတွင် ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် စက်ရေတွင်းတူးဖော်ဆောင်ရွက်နေမှုအခြေအနေကို  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ၂ ဦးကျော်ဇေယျက လုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာရေကော်မတီဝင်များနှင့်အတူ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြား ပါသည်။

အဆိုပါ စက်ရေတွင်း အကျယ် လေးလက်မ၊ အနက် ၄၀၀ပေရှိ စက်ရေတွင်းတူးဖော်ခြင်း၊ 5.5HP ရေမြှုပ်ပန့်တပ်ဆင်ခြင်း၊ ပါဝါမီတာတပ်ဆင်ခြင်း၊ ဂါလံ၅၀၀၀ဆံအုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေကျပ် ၂၅ဒသမ၁၄၅သန်းဖြင့် တင်ဒါအောင်မြင်သည့် အာသာဝတီကုမ္ပဏီမှယခုနှစ်ဇွန်လ စတုတ္ထအပတ်မှစတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၆၀ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ရွှေသူဌေးကျေးရွာ အိမ်ခြေ ၁၂၄အိမ်၊ လူဦးရေ ၅၁၉ဦးနှင့် ကျွဲ၊နွားတိရိစ္ဆာန်တို့မှစ၍ နွေရာသီကာလ သောက်သုံးရေရှားပါးသည့်ပြဿနာများ  မရှိတော့ဘဲ နှစ်ပတ်လည် ရေဖူလုံစွာသုံးစွဲနိုင်ခြင်းစသည့် အကျိုးကျေးဇူး များစွာ ရရှိနိုင်မည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။