ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ မီးသွေးဖိုကျေးရွာတွင် သင်္ဘောမီးလောင်မှု

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ မီးသွေးဖိုကျေးရွာတွင် သင်္ဘောမီးလောင်မှု


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 04, 2024


     ၂၀၂၄ ခုနှစ်၊ ဧပြီ ၂ ရက် နံနက် ၄ နာရီ ၃၀ မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ မီးသွေးဖိုကျေးရွာရှိ ပိုင်ရှင် ဦးဇော်လှိုင်၏ ၇၅x၁၈ ပေ၊ သင်္ဘောကျင်း၌  ပြန်လည်ပြုပြင်ဖာထေး‌နေသော ထွန်းဝေလျှံ ကုန်နှင့်ခရီးသည်တင်သင်္ဘော၏  အုန်းဆံကြိုးတွင် မီးစကျန်ခဲ့ရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လပွတ္တာခရိုင်မီးသတ်စခန်းနှင့် မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ငါးစီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ  ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါ မီးလောင်မှုကြောင့် ထွန်းဝေလျှံ ကုန်နှင့်ခရီးသည်တင်သင်္ဘော တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဇော်လှိုင်အား အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

HOT NEWS
January 4,