ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် PTTEPI ကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် စီစဉ်ထားရှိသော လုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် PTTEPI ကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် စီစဉ်ထားရှိသော လုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / June 08, 2026


ပုသိမ် ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် PTTEPI ကုမ္ပဏီမှ ဧရာဝတီတိုင်းဒေသကြီးအတွင်း လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ဆောင်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် စီစဉ်ထားရှိသော လုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ဦးစွာ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီး ဖျာပုံခရိုင်အတွင်းရှိ M3 (ASK) Development စီမံကိန်း၏ လုပ်ငန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းအတွက် အရေးတကြီးလိုအပ်နေသော ဦးစားပေး လုပ်ငန်းများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ကုမ္ပဏီအနေဖြင့် လက်ရှိဆောင်ရွက်နေသောလုပ်ငန်းများသည် နိုင်ငံတော်အတွက် အရေးကြီးသည့်စီမံကိန်းများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လိုအပ်သည့် ကိစ္စရပ်များကို မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

အဆိုပါ ဖျာပုံခရိုင်အတွင်းရှိ M3 (ASK) Development စီမံကိန်း အနေဖြင့်ထုတ်လုပ်ရရှိမည့် ဓာတ်ငွေ့အရောကို ကမ်းလွန်ထုတ်လုပ်ရေးစင် Offshore Wellhead Platforms နှစ်ခုမှ ပိုက်လိုင်းဖြင့် ဒေါငြိမ်းကျေးရွာရှိ သဘာဝဓာတ်ငွေ့သန့်စင်စက်ရုံ ASK Onshore Processing Facilities (APF) သို့ ပို့ဆောင်ကာ သန့်စင်စီမံပြီး ထုတ်လုပ်ပြးနောက် ရရှိသောဓာတ်ငွေ့ Sales Gas ကို ဒေါငြိမ်းကျေးရွာရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရန်ကုန်မြို့သို့ အဓိကဓာတ်ငွေ့ ဖြန့်ဖြူးလျက်ရှိသော ပိုက်လိုင်းစခန်းသို့ ၂၀ လက္မဓာတ်ငွေ့ပိုက်လိုင်းဖြင့် ပို့ဆောင်ခြင်းနှင့် ဓာတ်ငွေ့နှင့်အတူပါဝင်လာသောလေဆီ Condensate များကို ဓာတ်ငွေ့သန့်စင်စက်ရုံမှ ၁၈ ကီလိုမီတာအကွာ ACP (Aungsinkha Condensate Offloading and Personnel Material Transfer Facility) လက္မပိုက်လိုင်းဖြင့် ဆက်သွယ်ပေးပို့ပြီး သိုလှောင်ကန် Onshore Storage Tanks များတွင် ယာယီ သိုလှောင်ထားပြီးနောက် ရေနံချက်စက်ရုံ သို့မဟုတ် ရေနံထွက်ပစ္စည်းထုတ်လုပ်မှု စက်ရုံများထံသို့ ရေနံတင်သင်္ဘာဖြင့်ပို့ဆောင်မည် ဖြစ်ကြောင်းသိရပြီး တည်ဆောက်ရေးကာလမှာ ၂၀၂၆ ခုနှစ် နှစ်ဦးပိုင်းမှ ၂၀၂၈ ခုနှစ် နှစ်ကုန်ပိုင်းအထိဖြစ်ပြီး သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုကို ၂၀၂၈ခုနှစ် နောက်ဆုံး သုံးလပတ်တွင်စတင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။