၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာ

၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 25, 2024
image_latest


နေပြည်တော် ဧပြီ ၂၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ရွေးချယ်ခံရသည့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာကြသည်။

ရှေးဉီးစွာ လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် တပ်မတော်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိကြရာ ပြတိုက်တာဝန်ရှိသူက ပြတိုက်သမိုင်း၊ ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ပြတိုက်အတွင်း ကဏ္ဍအလိုက် ပြခန်း၊ ပြကွက်များ ပြသထားမှုတို့ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် စစ်သမိုင်းပြတိုက်နှင့် တပ်မတော်မော်ကွန်းတိုက်မှူးရုံးပြခန်း၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးပြခန်း၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးပြခန်း၊ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံးပြခန်း၊ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးပြခန်းနှင့်တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြင်ပပြကွက်များကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြပြီး သိရှိလိုသည်များကို ပြခန်းတာဝန်ရှိသူများထံ မေးမြန်းကြသည်။

ယင်းနောက် လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် အမျိုးသားပြတိုက်သို့ ရောက်ရှိကြပြီး သမိုင်းမတင်မီခေတ်ပြခန်း၊ သမိုင်းတင်ခေတ်ဉီးပြခန်း၊ သမိုင်းတင်ခေတ်ပြခန်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းပြခန်း၊ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ပြခန်း၊ မြန်မာ့ပန်းချီပြခန်း၊ မြန်မာ့အနုသုခုမပြခန်း၊ အာဆီယံပြခန်း၊ မြန်မာ့လက်မှု အနုပညာပြခန်း၊ ကလေးသူငယ် ပညာပေးပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊ သီဟာသနပလ္လင်ပြခန်း၊ နိုင်ငံတော်သမ္မတများ အသုံးပြုခဲ့သည့် မော်တော်ယာဉ်များပြခန်းနှင့် ပြည်ထောင်စုတိုင်းရင်းသားများ၏ ယဉ်ကျေးမှုပြခန်းတို့ကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,