၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ပြည်သူများအေးချမ်းစွာဆန္ဒမဲပေး
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲသို့ ပြည်သူများအေးချမ်းစွာဆန္ဒမဲပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 28, 2025
လက်ပံတန်း ဒီဇင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၆ နာရီ တွင် မဲရုံများစတင်ဖွင့်လှစ်၍ ပြည်သူများအေးချမ်းစွာဆန္ဒမဲပေးလျက်ရှိသည်။ လက်ပံတန်းမြို့နယ်အတွင်း မဲရုံ ၁၄၂ ရုံ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်(မဲအများဆုံး ရသူအနိုင်ယူစနစ်)၊ ကရင်တိုင်းရင်းသားလွှတ်တော်တို့အတွက် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)
