၃၀-၄-၂၀၂၄ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၂/၂၀၂၄) ကျင်းပခြင်း

၃၀-၄-၂၀၂၄ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၂/၂၀၂၄) ကျင်းပခြင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး/ NPT / May 03, 2024


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၂/၂၀၂၄) အခမ်းအနားကို ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူး ချုပ်များက ကြီးမှူး၍ ၃၀-၄-၂၀၂၄ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

နံနက်ပိုင်းတွင် စစ်ဆေးရေးဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း၊ မွန်းလွဲပိုင်းတွင် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ စီမံရေးရာဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖွဲ့တို့မှ ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲအားလည်းကောင်း ကျင်းပခဲ့ရာ ဌာနခွဲအလိုက် ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများက မိမိတို့ လိုအပ်ချက်များကို အစီအစဉ်အတိုင်း အသီးသီးထုတ်ဖော်တင်ပြခဲ့ကြသည်။

ဆွေးနွေးတင်ပြချက်များအပေါ် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဝန်ထမ်းများ၏တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် ဦးစားပေးရမည့် ကိစ္စရပ်များပေါ်မူတည်၍ ဖြစ်နိုင်သမျှ ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းအိမ်ရာတွင် နေထိုင်သော ဝန်ထမ်းများအနေဖြင့် အိမ်ရာများ သန့်ရှင်းသာယာလှပမှုနှင့် လုံခြုံမှုရှိစေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးစီမံချက်ပါအတိုင်း လိုက်နာဆောင်ရွက်စေရေး၊ အပူဒဏ်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များနှင့်အညီ နေထိုင်ကြစေရေး၊ ရုံးစာများနှင့်စပ်လျဉ်း၍ လုံခြုံမှုရှိစေရေးနှင့် စည်းကမ်းလိုက်နာသော ဝန်ထမ်းကောင်းများဖြစ်စေရေးကို အလေးဂရုပြု၍ လုပ်ငန်းတာဝန်များကို စည်းလုံးညီညွတ်စွာ ထမ်းဆောင်ကြစေလိုပါကြောင်း ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

HOT NEWS
January 4,