(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း (အမျိုးသား) (၄)ယောက်တွဲပြိုင်ပွဲမှ ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ

(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်း (အမျိုးသား) (၄)ယောက်တွဲပြိုင်ပွဲမှ ပထမဆုံး ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိ


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန/ Nay Pyi Taw / October 04, 2023


နေပြည်တော်၊ အောက်တိုဘာလ(၄)ရက်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့တွင် ကျင်းပပြုလုပ်သည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း အမျိုးသား(၄)ယောက်တွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းမှ အင်ဒိုနီးရှားအသင်းကို (၂၁-၁၃) (၂၄-၂၂) နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိကာ ပထမဆုံးရွှေတံဆိပ်ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိကြောင်း သတင်းရရှိသည်။