(၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (21st ASEAN Air Chiefs Conference - 21st AACC) သို့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (21st ASEAN Air Chiefs Conference - 21st AACC) သို့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 19, 2024
image_latest


နေပြည်တော် စက်တင်ဘာ ၁၈

ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပပြုလုပ်မည့် (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (21st ASEAN Air Chiefs Conference- 21st AACC) သို့ တက်ရောက်ရန်အတွက် ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ် General Soeung Samnang၊ နေ့လယ်ပိုင်းတွင် ထိုင်းလေတပ်ဦးစီးချုပ် Air Chief Marshal Punpakdee Pattana-kul နှင့် လာအိုလေတပ်ဦးစီးချုပ် (ကိုယ်စား) လာအိုလေတပ်နိုင်ငံရေးမှူး Brigadier General Bounma CHANTHAVONGSA တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံလေတပ်များအကြား ပညာရေးနှင့်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ လေ့ကျင့်ခန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့အတွက် နှစ်နိုင်ငံလေတပ်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။ ညနေပိုင်းတွင် အာဆီယံလေတပ်ဦးစီးချုပ်များနှင့်ဇနီးများရောက်ရှိခြင်း အထိမ်းအမှတ် ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ်နှင့်ဇနီးက တည်ခင်းဧည့်ခံသော Apsara ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်‌ (လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် Siem Reap မြို့ရှိ Sokha Siem Reap Resorts & Convention Center ၌ ကျင်းပပြုလုပ်သော (၂၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး (21st ASEAN Air Chiefs Conference-21st AACC) သို့ တက်ရောက်ကြသည်။ အာဆီယံလေတပ်ဦးစီးချုပ်များက “Enhancing Information Sharing and Cohesive Cooperation Among ASEAN Air Forces For Peace and Development” ခေါင်းစဉ်အား အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် အစည်းအဝေး သဘောတူဆုံးဖြတ်ချက်များ အတည်ပြုလက်မှတ်ရေးထိုးကြသည်။

ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၇ ရက် ညပိုင်းတွင် ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ်က တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲသို့ အာဆီယံလေတပ် ဦးစီးချုပ်များနှင့်အတူ တက်ရောက်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ် (လေ) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းနှင့် တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်