(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့ရှိ ပြည်သူ့ဆေးရုံကြီး၌ စုပေါင်းသွေးလှူဒါန်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 13, 2025

နေပြည်တော် စက်တင်ဘာ ၁၃
(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိပြည်သူ့ဆေးရုံ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးကျော်ထက်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုကို လိုက်လံကြည့်ရှု့အားပေးကြပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် အားဆေးများပေးအပ်သည်။ အဆိုပါသွေးလှူဒါန်းပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၆၁ ဦး သွေးလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
