ဒီဇင်ဘာကျောင်းပိတ်ရက်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပန်းဆိုးတန်း-ဒလ (ချယ်ရီသင်္ဘော)ဖြင့် ခရီးသွားပြည်သူများပြား

ဒီဇင်ဘာကျောင်းပိတ်ရက်နှင့် နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ပန်းဆိုးတန်း-ဒလ (ချယ်ရီသင်္ဘော)ဖြင့် ခရီးသွားပြည်သူများပြား


ပြန်ကြားရေးဝန်ကြီးဌာန/ yangon / January 02, 2019
image_latest


ရန်ကုန် ဒီဇင်ဘာ ၃ဝ
 
ဒီဇင်ဘာကျောင်းပိတ်ရက်များနှင့် နှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကာလတွင် အနယ်နယ်အရပ်ရပ်မှ နေရပ်ပြန် ပြည်သူများ၊ အလည်အပတ်ခရီးသွားသူများ၊ ဘုရားဖူးပြည်သူများ နှင့် ခရီးသွားပြည်သူများစွာ တို့ကို ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်မှတစ်ဆင့် ချယ်ရီသင်္ဘောများဖြင့်္ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးဌာနမှ ပို့ဆောင်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက် နံနက်က ခရီးသွားပြည်သူများ လိုက်ပါ စီးနင်းမှု ယခင်နေ့များထက် များပြားလျက်ရှိကြောင်း မြင်တွေ့ရသည်။
 
ဒလသင်္ဘောဆိပ်ကမ်းမန်နေဂျာ ဒေါ်ခင်ခင်နုက ''ကျောင်းသား ကျောင်းသူတွေရဲ့ ဒီဇင်ဘာလ ကျောင်းပိတ်ရက်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်ဆုံတော့ အနယ်နယ်အရပ်ရပ်က နေရပ်ပြန်ကြတဲ့ ပြည်သူတွေနဲ့ ဘုရားဖူးသွားကြတဲ့ ခရီးသွားပြည်သူတွေ အရင်နေ့တွေထက် ပိုများတယ်။ မနက်ပိုင်းဆို ဒလဆိပ်ကမ်းကတစ်ဆင့် ရန်ကုန်မြို့ကို ကူးတာများတယ်။ ညနေဘက်ဆို ရန်ကုန်ဘက်ကနေ ဒလဘက်ကို ကူးတာများတယ်။ သင်္ဘောတစ်ခေါက်မှာ ခရီးသည် ၄ဝဝ နီးပါး လိုက်ပါစီးနင်းနိုင်တယ်။ ခရီးသည်တွေ အန္တရာယ်ကင်းဖို့ ဝန်ထမ်းတွေအနေနဲ့ အဓိက စောင့်ကြည့်ပြီးမှ ထွက်ခွာတယ်။ ခရီးသည်တွေ ဘေးကင်းလုံခြုံရေးကို ချယ်ရီသင်္ဘောဝန်ထမ်းများနဲ့ (ပန်းဆိုးတန်း-ဒလ) ဆိပ်ကမ်းရှိ ဝန်ထမ်းများက အနီးကပ် ကြပ်မတ်ဆောင်ရွက် ပေးလျက်ရှိပါတယ်'' ဟု ပြောသည်။
 
ခရီးသည်ပြည်သူများ နေ့စဉ် သုံးသောင်းကျော်ရှိပြီး  နေ့ထူး နေ့မြတ်များ၊ ပွဲတော်ရက်များနှင့် အားလပ်ရက်ရှည်  ရုံးပိတ်သောနေ့များတွင် ခရီးသည်လိုက်ပါစီးနင်းမှု ပိုမို များပြားကြောင်း သိရသည်။
 
ချယ်ရီသင်္ဘောများသည် ကျယ်ကျယ်ပြန့်ပြန့်ရှိခြင်းကြောင့် မိုးတွင်းကာလတွင် လေဒဏ်မိုးဒဏ် ကာကွယ်ပေးနိုင်ခြင်းနှင့် ရေယာဉ်အပေါ်ထပ်၌ အခမဲ့ထိုင်ခုံများဖြင့် စီးနင်းလိုက်ပါနိုင်ပြီး အောက်ထပ်၌ လူတစ်ဦးလျှင် ထိုင်ခုံတစ်လုံး ငွေကျပ် ၅ဝ နှုန်းဖြင့် ကောက်ခံ၍ လူတစ်ဦး လျှင် ဝင်ကြေးကျပ် ၁ဝဝ နှုန်း၊ နိုင်ငံခြားသားတစ်ဦးလျှင် အသွားအပြန်ကျပ် ၄ဝဝဝ နှုန်းဖြင့် ကောက်ခံစီစဉ်ဆောင် ရွက်ထားရှိခြင်းကြောင့် ခရီးသည်များအနေဖြင့် သက်သာမှုရှိကြောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံ ကုန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးမှ ခရီးသွားပြည်သူ များအတွက် မြစ်ကူးတံတားကြီးသဖွယ် အဓိကအားထား နေရပြီး စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဝင်ပေါက်၊ ထွက်ပေါက် ကူးသန်းသွားလာနေသော ဆိပ်ကမ်းတစ်ခုဖြစ်သည်။
 
နိုင်လင်းကျော်(ဒလ)
 

HOT NEWS
January 4,