သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ဒုတိယနေ့ ကျင်းပ

သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ဒုတိယနေ့ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / March 15, 2019
image_latest


ရန်ကုန် မတ် ၁၅

သတ္တမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ သတ္တမအစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ ကြွရောက်တော် မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီး/ပြည်နယ် သာသနာရေးမှူးများ တက်ရောက်ကြည်ညိုကြသည်။

အစည်းအဝေးတွင် သဘာပတိဆရာတော်အဖြစ် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌ ဂုရုဘဒ္ဒန္တဉာဏိန္ဒက ဆောင်ရွက်တော်မူပြီး အခမ်းအနားမှူး ဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဂုဏိကာဘိဝံသက ဆောင်ရွက်တော်မူသည်။

ရှေးဦးစွာ အခမ်းအနားမှူးဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော် မူလာကြသည့် နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်များ၏ အရေအတွက်ကို ဖတ်ကြား လျှောက်ထားပြီး အစည်းအဝေးထမြောက် အောင်မြင်ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်ဆရာတော်များက တင်ပြလာသော အကြံဉာဏ် များကို တွဲဖက်အကျိုးတော်ဆောင် ဆရာတော်က ရှင်းလင်းပြန်ကြားပြီး နံနက်ပိုင်းတွင် အစည်းအဝေးကို ခေတ္တရပ်နားသည်။

မွန်းလွဲ၁နာရီတွင် အစည်းအဝေးကိုပြန်လည်ကျင်းပရာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သောအစီရင်ခံစာကို ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာကဏ္ဍအလိုက် ကိုယ်စားလှယ် ဆရာတော်များက ဆွေးနွေးတော်မူကြပြီး ဒုတိယနေ့ အစည်းအဝေးကို ရပ်နားသည်။

ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများအား မိခင်ကြီး ဒေါ်တင်ဝင်းရီအား အမှူးထား၍ ဗိုလ်မှူးကြီးသိန်းဌေး(ငြိမ်း)+ သီဟသုဓမ္မသိင်္ဂီ ဒေါက်တာ ဒေါ်မြသီတာ၊ သမီးအမရာနှင့် အိန္ဒြေမဒီဆွေတင်၊ သားလင်းမောင်မောင်နှင့် လင်းညီညီဆွေတင် မိသားစု (SI ကုမ္ပဏီ) က တစ်နေ့တာဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

(သတင်းစဉ်)

HOT NEWS
January 4,