မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ သံရုံးမိသားစုဝင်များ ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်၌ ပါဝင်ဆင်နွှဲ

မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ သံရုံးမိသားစုဝင်များ ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်၌ ပါဝင်ဆင်နွှဲ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / April 16, 2019
image_latest


ရန်ကုန် ဧပြီ ၁၅

ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်၌ ကျင်းပသည့် မြန်မာ့ရိုးရာ အတာရေသဘင်ပွဲတော်သို့ မြန်မာနိုင်ငံဆိုင်ရာ နီပေါလ်ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ သံအမတ်ကြီး၊ စင်ကာပူနိုင်ငံ သံအမတ်ကြီးနှင့် ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး တို့ဦးဆောင်ပြီး မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြားသံရုံးများမှ မိသားစုဝင်များနှင့် သံတမန် မိသားစုများသည် ယနေ့ (သင်္ကြန်အကြတ်နေ့) နံနက် ၉ နာရီတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြသည်။

ဗဟိုရေကစားမဏ္ဍပ်၌ သံအမတ်ကြီးများနှင့် သံတမန်မိသားစုဝင်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့်ဇနီး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးနှင့် သင်္ကြန်ယိမ်းအဖွဲ့ဝင်များက သပြေခတ်ဖြင့် ရေပတ်ဖျန်း ကြိုဆို နှုတ်ဆက်ကြသည်။

ရန်ကုန်မြို့တော် မဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်တွင် လာရောက်ရေကစားသည့် သံအမတ်ကြီးများနှင့် သံတမန် မိသားစုဝင်များသည် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုအဖွဲ့ များနှင့် တေးသံရှင်များ၏ သီဆိုကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေး၍ ပျော်ရွှင်စွာ ရေပတ်ကစားကြသည်။

ထို့နောက် သံအမတ်ကြီးများနှင့် သံတမန်မိသားစုဝင်များသည် မြို့တော်ခန်းမအနီး မဟာဗန္ဓုလပန်းခြံလမ်းရှိ  လမ်းလျှောက်သင်္ကြန်ကို ပါဝင်ဆင်နွှဲကြသည်။

ယနေ့ သင်္ကြန်အကြတ်နေ့တွင်လည်း ဗဟိုမဏ္ဍပ်ရှေ့၌ ရေပတ်ခံထွက်သူ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိရာ ဖျော်ဖြေရေး အစီအစဉ်များ၊ တိုင်းရင်းသား ရိုးရာတေး သီချင်းအကတို့ဖြင့် လာရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

သတင်း- မင်းသစ်၊ဇော်ကြီး၊ ဓာတ်ပုံ - ဇော်မင်းလတ်
 

HOT NEWS
January 4,