ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ပင့်ဆောင်ပူဇော်

ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ပင့်ဆောင်ပူဇော်


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 16, 2019
image_latest


နေပြည်တော် မေ ၁၆

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီးရှိ ရန်အောင်မြင်ကုန်းပေါ်တွင် တည်ထား ကိုးကွယ်လျက် ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ယနေ့နံနက်ပိုင်းက နေပြည်တော် လယ်ဝေးမြို့မှတဆင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ ပင့်ဆောင်ပူဇော်သည်။

နံနက် ၈ နာရီတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ် မင်္ဂလာမဏ္ဍပ်သို့ ရောက်ရှိရာ ဂေါပကအဖွဲ့ဝင်များ၊ အကျိုးတော်ဆောင်အဖွဲ့များက ဒေဝါဝင်း ရာဇာဝင်းများခြံရံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်တို့အား ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်ပေါ်သို့ ပင့်ဆောင်ကြသည်။ ရင်ပြင်တော်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်၎င်းတို့၏ဇနီးများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက စေတီတော်ကြီး လှိုဏ်အတွင်းသို့ ဆက်လက်ပင့်ဆောင်ကာ လှိုဏ်အတွင်း လက်ယာရစ်တစ်ပတ် လှည့်လည် ပင့်ဆောင်ပူဇော်ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော် ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်နှင့် ရွှေထီးတော်နှင့် ဗုဒ္ဓရုပ်ပွားတော်များအား အမွှေးနံ့သာ ရည်များပက်ဖြန်းကြသည်။

ည ၇ နာရီခွဲတွင် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က စကျင်ဗုဒ္ဓရုပ်ပွားတော် နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များပင့်ဆောင်ပူဇော်ခြင်း အထိမ်းအမှတ် “မေတ္တာလွှမ်းမှ ငြိမ်းချမ်းမယ်”တရားတော်ကို ဟောကြားချီးမြှင့်ရာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌဒေါက်တာမျိုးအောင်နှင့်ဇနီးအမှူးပြုသော တရားချစ်ခင်သူတော်စင်များက တရားတော်ကို ရိုသေစွာနာယူကြည်ညိုကြသည်။

(ဟန်လင်းနိုင်)

HOT NEWS
January 4,