အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရရှိခဲ့သော ရွှေတံဆိပ်ဆုအား အမျိုးသားပြတိုက်(ရန်ကုန်)သို့ လှူဒါန်း

အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရရှိခဲ့သော ရွှေတံဆိပ်ဆုအား အမျိုးသားပြတိုက်(ရန်ကုန်)သို့ လှူဒါန်း


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 18, 2019
image_latest


ရန်ကုန် ဇူလိုင် ၁၈

အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးတွင် တစ်ဦးအပါအဝင်ဖြစ်သော ဆရာကြီး ဦးရာဇတ် အထက် တန်းကျောင်းသားဘဝတွင် စာစီစာကုံးပြိုင်ပွဲမှ ဆုရရှိခဲ့သော အလေးချိန် ၈ ဒသမ ၀၈ ဂရမ်ရှိ ရွှေတံဆိပ်ဆု(၁၉၁၉-၁၉၂၀)(metal) နှင့် ၎င်းအသုံးပြုခဲ့သော ကြေးမီးခြစ်ကို အများပြည်သူကြည့်ရှု နိုင်ရေးအတွက် ဆရာကြီး ဦးရာဇတ်၏ သားဖြစ်သူ ဦးတင်မြင့်မိသားစုက အမျိုးသားပြတိုက်(ရန်ကုန်) သို့ ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရ သည်။

ထိုသို့ ပေးအပ်လှူဒါန်းရာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦးလွင်က လက်ခံရယူကာ လှူဒါန်းမှုအတွက် ကျေးဇူး တင်စကားပြောကြားပြီး အလှူရှင်မိသားစုသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

HOT NEWS
January 4,