၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၁၉) ကျင်းပ

၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၁၉) ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 26, 2019
image_latest


နေပြည်တော် ဩဂုတ် ၂၆

 

၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၁၉) ကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်ထောင်စု လွှတ်တော် ဆောင်၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဦးစီးကော်မတီဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က သက်ဆိုင်ရာ လုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပြီး လိုအပ်သည်များ ဆုံးဖြတ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လုံခြုံရေးလုပ်ငန်းအစီအမံများ ဆောင်ရွက်ရာတွင် သဘာဝဘေးအန္တရာယ် များကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုကြောင်းပြောကြားသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌက လုံခြုံရေးစီမံချက်ကို အခြေအနေ အချိန်အခါအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုကြောင်းပြောကြားသည်။

ထို့နောက် လုပ်ငန်းကော်မတီများအလိုက် ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူး များက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများ၊ လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ကြသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက က နိဂုံးချုပ်ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်သည်။

(သတင်းစဉ်)

 

HOT NEWS
January 4,