မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲ ကျင်းပ

မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲ ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန်မြို့ / September 21, 2019
image_latest


နေပြည်တော် စက်တင်ဘာ ၂၁

မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် စာပေဟောပြောပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဗညားဒလလမ်းရှိ စရီဘူသ်နာထ် မဟာဒေဝ် ဘုရားကျောင်း၌ ကျင်းပသည်။

အခမ်းအနားတွင် ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)၊ လယ်တွင်းသား စောချစ် နှင့် မင်းကိုနိုင်တို့က မဟတ္တမဂန္ဒီ၏ ဝါဒနှင့် ကျင့်စဉ်များကို ဟောပြောကြပြီး ABE မှ Country Manager Mr. Suren Verma က “မဟတ္တမဂန္ဒီနှင့် တစ်သက်တာပညာ”၊ ရေနံချောင်း ဒီဂရီကောလိပ် မြန်မာစာ ဌာနမှူး ပါမောက္ခဒေါက်တာ သန်းဝင်း (မောင်သန်းဝင်း၊ ရန်ကုန်တက္ကသိုလ်)က “ငြိမ်းချမ်းရေး ဗိသုကာဂန္ဒီဝါဒ”နှင့် အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးများ ကွန်ရက်မှ ဒေါ်ကက်သလင်းသိန်း @ Kalpana Kumari က “အကြမ်းမဖက်ဝါဒ၏ ပဲ့ကိုင်ရှင်” ခေါင်းစဉ်များဖြင့် စာတမ်းဖတ်ကြား ကြသည်။

အဆိုပါ အခမ်းအနားသို့ မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ် ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ နှင့်ကော်မတီဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကြသည်။

မဟတ္တမဂန္ဒီ နှစ်(၁၅၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ လက်ဝှေ့အား ကစားရုံတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ရီရီမြင့်၊ ဓာတ်ပုံ - လှမိုး

HOT NEWS
January 4,