FDM DDMS Software များအား Upgrade and Technical Support လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

FDM DDMS Software များအား Upgrade and Technical Support လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / February 08, 2026
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၇

စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေနှင့် လယ်ယာမြေဥပဒေတို့အရ စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်၍ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် မှတ်တမ်းတင်ရန် အသုံးပြုလျက်ရှိသည့် FDM & DDMS Software များအား Upgrade and Technical Support လုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှင်းလင်းပြောကြား

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးကျော်ငြိမ်းက စာချုပ်စာတမ်းများ မှတ်ပုံတင်မှုမှတ်တမ်းတင်ခြင်းနှင့် လယ်ယာမြေလုပ်ငန်းအတွက် မှတ်တမ်းတင်ခြင်းကို ရုံးများမှ ရုံးချုပ်သို့ အွန်လိုင်းစနစ်ဖြင့် Data Backup များထားရှိပြီး ချိတ်ဆက်ဆောင်ရွက်နိုင်ရန် Software အသစ်ရေးဆွဲသွားမည်ဖြစ်ပြီး ရေးဆွဲမည့် ကုမ္ပဏီက Backup ပြုလုပ်ခြင်း၊ VPN ချိတ်ဆက်ခြင်း၊ File Server သို့ Login ဝင်ရောက်၍ Backup Folder ထည့်ခြင်း၊ Windows တင်ခြင်း၊ FDMS နှင့် DDMS စနစ်အသစ်များအား Install ပြုလုပ်ခြင်းနှင့် အသုံးပြုနည်းတို့ကို လက်တွေ့ပြသသွားမည်ဖြစ်ရာ တစ်ပါတည်းလေ့လာသင်ယူသွားရန် ပြောကြားပြီး ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနစီမံကိန်းနှင့် သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ရဲထွန်းက အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအရာထမ်း၊ အမှုထမ်း ၁၉၃ ဦး တက်ရောက်ပြီး Software အသစ်ရေးဆွဲနည်းကို လက်တွေ့လေ့လာကြကာ ဖေဖော်ဝါရီ ၁၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်