PDF အမည်ခံအကြမ်းဖက်သမားများက ဂန့်ဂေါမြို့နယ် ဇာဟောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား မီးရှို့ဖျက်ဆီး၊ ကန့်ဘလူမြို့နယ် ဆားကုန်းကျေးရွာအတွင်း Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်

PDF အမည်ခံအကြမ်းဖက်သမားများက ဂန့်ဂေါမြို့နယ် ဇာဟောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား မီးရှို့ဖျက်ဆီး၊ ကန့်ဘလူမြို့နယ် ဆားကုန်းကျေးရွာအတွင်း Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 01, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ဇာဟောကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား PDF အမည်ခံအကြမ်းဖက်သမားများက ဒီဇင်ဘာ ၂၉ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ရာ အလျား ၁၀၈ ပေ၊ အနံ ၃၃ ပေ၊ အမြင့် ၂၂ ပေရှိ ကွန်ကရစ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး၊ အုပ်ညှပ် ၂ ထပ်၊ စာသင်ဆောင် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့နယ် ဆားကုန်းကျေးရွာအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် Drone အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် အဆိုပါကျေးရွာနေ အပြစ်မဲ့ပြည်သူအမျိုးသမီးတစ်ဦး ဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကာ အမျိုးသားငါးဦးနှင့် အမျိုးသမီးရှစ်ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ကန့်ဘလူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိသည်။

NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့်အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ ၎င်းတို့အား ထောက်ခံအားပေးမှုမရှိသည့် ကျေးရွာများအား အကြောက်တရားလွှမ်းမိုးစေရန် အဝေးမှနေ၍ လက်နက်ကြီးများ၊ Drone များ အသုံးပြု၍ နှောင့်ယှက်ပစ်ခတ်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ဥပဒေမဲ့လုပ်ဆောင်လျက်ရှိသည်။

လုံခြုံရေးအဖွဲ့များအနေဖြင့် အထက်ပါဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နယ်မြေလုံခြုံရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

HOT NEWS
January 4,