အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

အကြမ်းဖက်သမား လူအုပ်စုများအနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်


ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / May 03, 2024


     အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေး ပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။

     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၉ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသား တစ်ဦးနှင့် မိုင်းစထိမှန်ဒဏ်ရာများရရှိထားသော အမျိုးသားတစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမှတ်(၁)ရပ်ကွက်နေသူများ ဖြစ်ကြသည့် ဦးအောင်တင်မိုး (၅၆)နှစ်နှင့် ဦးကြာထူးမောင် (၃၂)နှစ်တို့သည် ထီးလင်းမြို့အနီးရှိ တောထဲသို့ ဝါးခုတ်ရန် သွားရောက်စဉ် တောထဲသို့အရောက် PDF အမည်ခံ အကြမ်းဖက်သမားအင်အား(စိစစ်ဆဲ)က ထောင်ထားသည့်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဦးအောင်တင်မိုးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးကြာထူးမောင်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     အလားတူ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ် တိုက်နယ်ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့ရာ မဲ့ဘောင်ကျေးရွာနေ ကိုခွန်ထွန်းဝင်း (၂၄)နှစ်နှင့် ဇနီး မနန်းချားကြည် (၂၁)နှစ်တို့သည် ဆိုင်ကယ်တစ်စီးဖြင့် ကောင်ဝိန်းငယ်ကျေးရွာသို့ ကျေးရွာချင်းဆက်လမ်းအတိုင်း သွားရောက်စဉ် နောင်ပတ်ကျေးရွာအနီးအရောက်တွင် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်းတစ်လုံးအား ဆိုင်ကယ်ဖြင့်နင်းမိပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မနန်းချားကြည်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကာ ကိုခွန်ထွန်းဝင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

     အလားတူ မွန်းလွဲ ၃ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လက်ပံကုန်းကျေးရွာနေ ဦးမျိုးမြင့်ခိုင် (၄၆)နှစ်သည် ကျေးရွာဘုန်းတော်ကြီးကျောင်းမှ နေအိမ်သို့ပြန်လာစဉ် ၎င်း၏နေအိမ်ခြံဝင်းတံခါးဝအရောက် PDF အမည်ခံ အကြမ်းဖက်သမားအင်အား(စိစစ်ဆဲ)က ထောင်ထားသည့်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     အလားတူ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တံခွန်တိုင်ကျေးရွာနေ မောင်စိုင်းစိုးမြင့် (၁၅)နှစ်သည် ခိုရောင်းကျေးရွာအနီးရှိ တောထဲသို့ ငှက်ပစ်ရန်သွားရောက်စဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မောင်စိုင်းစိုးမြင့်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     အလားတူ ည ၈ နာရီ ၂၀ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အမှတ်(၄) ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသက်နိုင် (ခ) ဦးသက်နိုင်ဦး (၅၄)နှစ်၏ နေအိမ်သို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် နေအိမ်ရှေ့တွင် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်ခေါင်းရင်းရှိ စဉ့်အိုးတစ်လုံး၊ နေအိမ်ရှေ့ သစ်သားတိုင်နှင့် အမိုးသွပ်တို့ ဗုံးစထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

     အထက်ပါဖြစ်စဉ်များတွင် အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

HOT NEWS
January 4,