တရားရေးအရာရှိကြီးများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခြင်း

တရားရေးအရာရှိကြီးများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခြင်း


ပြည်ထောင်စုတရားလွှတ်တော်ချုပ်/ နေပြည်တော် / September 18, 2025


နေပြည်တော်၊ စက်တင်ဘာ ၁၈

တရားရေးအရာရှိကြီးများမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂ဝ၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ( ၈ : ၃၀ ) နာရီတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုတရားသူကြီးချုပ်ဦးသာဌေး တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပါသည်။

သင်တန်းဆင်းပွဲသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလမှာ ၂၁-၇-၂ဝ၂၅ ရက်နေ့မှ ၁၈-၉-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် (၉) ပတ်ကြာမြင့်ကြောင်းနှင့် သင်တန်းသို့ ဒုတိယညွှန်ကြားရေးမှူး၊ ခရိုင်တရားသူကြီးနှင့် တွဲဖက်ခရိုင်တရားသူကြီးအဆင့်ရှိ သင်တန်းသား (၁၁) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။