နောက်ဆုံးရသတင်းများ - ၂၄၃၆၄ ခု

အနန္တောအနန္တဂိုဏ်းဝင် ဆရာ ဆရာမများ၏ နာသုံးနာလက်ကိုင်ထား၍ ကျောင်းသား ကျောင်းသူများ အပေါ် မိဘသဖွယ်စိတ်ဓာတ်ဖြင့် သင်ကြားရေးတာဝန်ထမ်းဆောင်နေမှုအား အသိအမှတ်ပြု သတင်း ထုတ်ပြန်ခြင်း

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 27, 2021

မြန်မာနိုင်ငံ၌ ဆရာ ဆရာမများအပေါ် ရိုသေလေးစားမှုပြုရသည့် အနန္တောအနန္တဂိုဏ်းဝင်အဖြစ် ရှေးယခင်ကတည်းကပင် ယဉ်ကျေးမှု တစ်ရပ်သဖွယ် သတ်မှတ်ထားပြီး အခြားမည်သည့်နိုင်ငံတွင်မှ မတွေ့ရှိနိုင်သော အလေးအနက်ပြုမှုကို တွေ့ရှိရမည်ဖြစ်ပါသည်။ အနန္တောအနန္တဂိုဏ်းဝင် ဆရာ ဆရာမများသည်လည်း စေတနာကို အရင်းခံပြီး ဝါသနာနှင့်အတူ အနစ်နာခံကာ တပည့်များအပေါ် ရင်ဝယ်သားသဖွယ် သဘောထား၍ ကျောင်းသားကျောင်းသူများအား ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် အတတ်ပညာ သင်ကြားပို့ချရုံသာမက “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့” ဟူသော ဆရာကျင့်ဝတ်ငါးသွယ်ကို ကျေပွန်စွာ ထမ်းဆောင်နေသူများ ဖြစ်ပါသည်။

ရုရှား-မြန်မာ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 27, 2021

ရုရှား - မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း (RMFAC) နှင့် မြန်မာ -ရုရှားစီးပွားရေး ဖွံ့ဖြိုးမှု အသင်း(MRBDA)တို့၏ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်း ဆောင်ရွက်ခြင်း ဆိုင်ရာ နားလည်မှု စာချွန်လွှာရေးထိုးခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပရာ ရုရှား - မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ အန်နာသိုလီ ဘူလော့ချ နိကော့ နှင့် ရုရှားနိုင်ငံမှ စီးပွားရေးဆိုင်ရာ တာဝန်ရှိကိုယ်စားလှယ်များ၊ မြန်မာ - ရုရှား စီးပွားရေး ဖွံ့ဖြိုးမှုအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်နှင့် အလုပ်အမှု ဆောင် အဖွဲ့ဝင်များ တက်ရောက်သည်။

ရုရှား-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ဆွေးနွေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 27, 2021

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံရုံးမှ ကောင်စစ်ဝန် (Economic and Commercial Affairs) ဖြစ်သူ Mr. Andrei lunak နှင့် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ တွေ့ဆုံ၍ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် လယ်ယာထွက်ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 27, 2021

၂၀၂၂ ခုနှစ်၊ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “လှပသာယာ ပြည်မြန်မာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲ ရက်တိုးမြှင့်ဖိတ်ခေါ်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 27, 2021

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာ ပြည်မြန်မာ” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင်ယှဉ်ပြိုင် နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်း တည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေး ကြိုးပမ်း မှု၏ ထင်ရှားသည့်သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ်များ စသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပညာမတတ်ခြင်းနှင့် ဆင်းရဲခြင်းသံသရာမှကြိုးပမ်းရုန်းထွက်ဖို့လို

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 27, 2021

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်ကာလ ၁၉၈၇ ခုနှစ်တွင် မိမိတို့နိုင်ငံသည် ကမ္ဘာ့ဖွံ့ ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံများ (Least Developed Countries) စာရင်းသို့ ဝင်ရောက်ခဲ့ရသည်။ နိုင်ငံတွင် တစ်ဦးချင်း ဝင်ငွေနည်းပါးမှု၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေးနိမ့်ကျမှု၊ စီးပွားရေးထိခိုက်နစ်နာလွယ်မှု စသည့် ညွှန်းကိန်းများ နိမ့်ကျမှုများကို ကုလသမဂ္ဂသို့ တင်ပြကာ ကြွေးမြီ များ လျှော်ပစ်ရေး၊ ငွေကြေး အထောက်အပံ့များရရှိရေးတို့ကို မျှော်မှန်း၍ LDC စာရင်းဝင်နိုင်ငံအဖြစ် လျှောက်ထားဝင်ရောက် ခဲ့ရခြင်းဖြစ်သည်။ လူတစ်ယောက်အနေဖြင့် ဆိုပါက မိမိအား လူမွဲအဖြစ် ကြေညာပေးပါရန် တရားရုံးသို့ လျှောက်ထား၍ ဒေဝါလီခံလိုက်ရခြင်းပင်ဖြစ်သည်။

လူမှုဘဝမြင့်မားတိုးတက်ရေး ပညာရေးဦးစားပေး

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 27, 2021

“မိမိတို့နိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းမှုများရှိသည်ကို တွေ့ရှိရကြောင်း၊ ပညာရေးကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ “အတန်းပညာရှိမှ အသိပညာရမည်၊ အသိပညာရှိမှ အတတ်ပညာ ရမည်” ဖြစ်ကြောင်း၊ လူငယ်များအား ကိုယ့်ခြေလှမ်းပေါ်တွင် ရပ်တည်နိုင်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာသင်ကြားရေးအား မဖြစ်မနေဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) တွင် ပြောကြားခဲ့သည်။

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG မှ ရည်မွန်၏ ခိုင်းစေမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာတွင် အပြစ်မဲ့ပြည်သူ ၁ ဦးအား ရက်စက်စွာသတ်ဖြတ်ခဲ့ပြီး ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးနှင့် အထက(၁) ကျောင်းတို့အား လက်လုပ်ဗုံးများဖြင့် ဖောက်ခွဲခဲ့သူ များအား လက်နက်/ခဲယမ်းများ နှင့်အတူ ဖမ်းဆီးရမိ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 26, 2021

အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော NUG ၏ စေခိုင်းချက်အရစက်ရုံ၊ အလုပ်ရုံ များအား မီးရှို့ဖောက်ခွဲဖျက် ဆီးခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်းတို့အား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးမှုများ ဆောင်ရွက် လျက်ရှိရာ အောက်တိုဘာလ ၄ ရက်တွင် PDF အဖွဲ့များအားထောက် ပံ့ပေးသည့် ဟင်္သာတမြို့၊ တာလေးရပ်ကွက်၊ လင်းလွန်းပင်(၂)လမ်းနေ အိသက်ပိုင်(၃၁)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ အောက်တိုဘာလ ၇ ရက်တွင် အင်္ဂပူမြို့နယ်၊ မဲဇလီစုကျေးရွာ၌ KNLA တပ်မဟာ(၃)တွင် အကြမ်းဖက်ဖောက်ခွဲရေး သင်တန်း တက်ရောက်ခဲ့သူ ဝင်းနိုင်(၄၆)နှစ်အား ဖမ်းဆီးရမိခဲ့သည်။

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၆-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 26, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာစည်းကမ်းများကို စနစ် တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ပါသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ကျေးရွာသုံးရွာကို ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်

ပြန်ကြားရေးဝန်ကြီးဌာန / Posted on October 26, 2021

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေအတွင်း စံပြကျေးရွာအကောင်အထည် ဖော်ဆောင်ရွက်မည့် တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၊ ပျဉ်းမနား မြို့နယ် ကျွန်းဦးကျေးရွာ နှင့် လယ်ဝေးမြို့နယ် သော်မှော် ကုန်းကျေးရွာတို့တွင် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။

သတင်းစာများ - ၁၀၈၅ ခု

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊ အောက်တိုဘာ ၂၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 28, 2021

ထုတ်ဝေသည့်နေ့ : 2021

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၇ ရက်၊ အောက်တိုဘာ ၂၇ ရက်၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 27, 2021

ထုတ်ဝေသည့်နေ့ : 2021

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၆ ရက်၊ အောက်တိုဘာ ၂၆ ရက်၊အင်္ဂါနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 26, 2021

ထုတ်ဝေသည့်နေ့ : 2021

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၅ ရက်၊ အောက်တိုဘာ ၂၅ ရက်၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 25, 2021

ထုတ်ဝေသည့်နေ့ : 2021

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက်၊ အောက်တိုဘာ ၂၄ ရက်၊တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 24, 2021

ထုတ်ဝေသည့်နေ့ : 2021

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်၊ အောက်တိုဘာ ၂၂ ရက်၊သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 22, 2021

ထုတ်ဝေသည့်နေ့ : 2021

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်၊ အောက်တိုဘာ ၂၁ ရက်၊ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 21, 2021

ထုတ်ဝေသည့်နေ့ : 2021

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 20, 2021

ထုတ်ဝေသည့်နေ့ : 2021

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၊ အောက်တိုဘာ ၁၈ ရက်၊တနင်္လာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 18, 2021

ထုတ်ဝေသည့်နေ့ : 2021

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၂ ရက် ၊ အောက်တိုဘာ ၁၇ ရက်၊တနင်္ဂနွေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ October 17, 2021

ထုတ်ဝေသည့်နေ့ : 2021

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download