သမဝါယမတက္ကသိုလ်/ကောလိပ်ကျောင်းများအတွက် ပထမနှစ်သင်တန်းသားခေါ်ယူခြင်း





သမဝါယမတက္ကသိုလ်/ကောလိပ်ကျောင်းများအတွက် ပထမနှစ်သင်တန်းသားခေါ်ယူခြင်း


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 12, 2018

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

  • သမဝါယမတက္ကသိုလ်များသို့ လျှောက်ထားသူများသည် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ (မည်သည့်ဘာသာတွဲဖြင့်မဆို)ဖြစ်ပြီး စုစုပေါင်းရမှတ် (၃၈၅)မှတ်နှင့်အထက် ရရှိသူ ဖြစ်ရမည်။
  • သမဝါယမကောလိပ်များသို့ လျှောက်ထားသူများသည် ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူ (မည်သည့်ဘာသာတွဲဖြင့်မဆို)ဖြစ်ပြီး စုစုပေါင်းရမှတ် (၃၅၀)မှတ်နှင့်အထက် ရရှိသူ ဖြစ်ရမည်။

 

ဝန်ဆောင်ခ

သမဝါယမတက္ကသိုလ်/ကောလိပ်များတွင် ဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းလခနှင့် အခြားအခကြေးငွေများကို တစ်နှစ်စာအတွက် အောက်ပါအတိုင်းပေးသွင်းရန် သတ်မှတ် ထားပါသည် -

  • ကျောင်းဝင်ကြေး (၁၀၀)ကျပ် (ပထမနှစ်အတွက်)၊
  • မှတ်ပုံတင်ကြေး (၁၀၀)ကျပ် (ပထမနှစ်အတွက်)၊
  • ကျောင်းလခ (၆၀၀၀)ကျပ်၊
  • အားကစားကြေး (၁၀၀)ကျပ်၊
  • လက်တွေ့ခန်းကြေး (၃၆၀၀)ကျပ်၊
  • စာမေးပွဲကြေး (၆၀၀)ကျပ်၊
  • စာကြည့်တိုက်ကြေး (၆၀၀)ကျပ်၊

 

လိုအပ်သော စာရွက်စာတမ်းများ

(က) အောင်လက်မှတ် မိတ္တူ (သို့မဟုတ်) အောင်ကြောင်းထောက်ခံစာ မူရင်း၊

(ခ) အမှတ်စာရင်းမူရင်း၊

(ဂ) ဓါတ်ပုံ (၁)ပုံ၊

 

လျှောက်ထားရန် အဆင့်များ

  • သမဝါယမတက္ကသိုလ်/ကောလိပ်များသို့ ပထမနှစ်ဝင်ခွင့်လျှောက်ထားသူများသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ်သမဝါယမဦးစီးဌာနများ၊ သမဝါယမတက္ကသိုလ်/ကောလိပ် များနှင့် သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် ဝင်ခွင့်လျှောက်လွှာများ ဝယ်ယူ လျှောက်ထားရမည်ဖြစ်ပါသည်။
  • လျှောက်ထားသူများသည် ဝင်ခွင့်လျှောက်လွှာနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲ၍ ရုံးအမှတ် (၁၆)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ပညာပေးရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ(နေပြည်တော်) နှင့် သမဝါယမတက္ကသိုလ်/ကောလိပ်များသို့ လိပ်မူ၍ (၃၀-၈-၂၀၁၉)ရက်နေ့အရောက် ပေးပို့လျှောက်ထားရမည်ဖြစ်ပါသည်။

 

ဆက်သွယ်ရမည့်လိပ်စာ

  • နေပြည်တော်

- ရုံးအမှတ် (၁၆)၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး။

  • ရန်ကုန်

- သမဝါယမတက္ကသိုလ် (သန်လျင်)သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်းပေါ်တွင် တည်ရှိပါသည်။

- သမဝါယမကောလိပ် (ဖောင်ကြီး)သည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့မြောက်ဘက် (၂၀)မိုင်ခန့်အကွာ ဗဟိုဝန်ထမ်းတက္ကသိုလ် အနီးတွင်

တည်ရှိပါသည်။

  • စစ်ကိုင်း

- သမဝါယမတက္ကသိုလ် (စစ်ကိုင်း)သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ရွာထောင်ရပ်၊ စစ်ကိုင်း - မုံရွာကားလမ်းမကြီးဘေးတွင် တည်ရှိပါသည်။

  • မန္တလေး

- သမဝါယမကောလိပ် (မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ၊ မန္တလေးနည်းပညာတက္ကသိုလ်သို့ သွားသော ကားလမ်းပေါ်တွင် တည်ရှိပါသည်။

ဝန်ဆောင်မှုရရှိနိုင်မည့် တည်နေရာများ

  • နေပြည်တော်

- သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ပညာပေးရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ၊

  • ရန်ကုန်

- သမဝါယမတက္ကသိုလ် (သန်လျင်)

- သမဝါယမကောလိပ် (ဖောင်ကြီး)

  • စစ်ကိုင်း

- သမဝါယမတက္ကသိုလ် (စစ်ကိုင်း)

  • မန္တလေး

- သမဝါယမကောလိပ် (မန္တလေး)

 

ထပ်မံဖြည့်စွက်ချက်

  • (က)

- သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ပညာပေးရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ၊ ၀၆၇-၄၁၀၃၄၃ ,

ducation410343@gmail.com

  • ရန်ကုန်

- သမဝါယမတက္ကသိုလ် (သန်လျင်)၊ ၀၅၆-၂၃၂၅၆ , dr.yiwin@gmail.com

- သမဝါယမကောလိပ် (ဖောင်ကြီး)၊ ၀၁-၆၂၆၀၇၄ , tllwingargar@gmail.com

  • စစ်ကိုင်း

- သမဝါယမတက္ကသိုလ် (စစ်ကိုင်း)၊ ၀၇၂-၂၃၀၁၅, sagaing.cooperativeuniversity@gmail.com

  • မန္တလေး

- သမဝါယမကောလိပ် (မန္တလေး)၊ ၀၂-၅၇၁၉၆ , aye2007@gmail.com

Website လိပ်စာ

- မရှိပါ။

 



HOT NEWS
January 4,