ပြင်းထန်သောရာဂါကုသမှုအာမခံ
ပြင်းထန်သောရာဂါကုသမှုအာမခံ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 16, 2024
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
အသက် ၆ နှစ် မှ ၆၀ နှစ် အထိ တစ်ဦးချင်းသော်လည်းကောင်း၊ အစုအဖွဲ့သော်လည်းကောင်း ထားရှိနိုင်ပါသည်။ အသက် ၆ နှစ် မှ ၁၈ နှစ် အထိ မိဘ/အုပ်ထိန်းသူမှ ထားရှိပေးနိုင်ပါသည်။
ဝန်ဆောင်ခ
၁ ယူနစ် မှ အများဆုံး ၁၀ ယူနစ်အထိ ဝယ်ယူနိုင်ပြီး အသက်ပိုင်းအခြားအရ ပရီမီယံနှုန်း တွက်ချက် ကောက်ခံပါသည်။
လိုအပ်သောစာရွက်စာတမ်းများ
၅ ယူနစ်နှင့် အထက်ဖြစ်ပါက (သို့မဟုတ်) အသက် ၅၁ နှစ်နှင့် အထက်ဖြစ်ပါက ကျန်းမာရေး ဆေးစစ်မှုခံယူရန် လိုပါသည်။
လျှောက်ထားရန်အဆင့်များ
အဆင့်-၁
အဆိုလွှာဖြည့်စွက်ခြင်း
အဆင့်-၂
ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း
အဆင့်-၃
ပေါ်လစီစာချုပ်ထုတ်ပေးခြင်း
ဖြည့်စွက်ချက်
- ဆေးရုံတက်ရောက်ကုသမှုခံယူပါက အာမခံလက်ခံသူသို့ ကြိုတင်အကြောင်းကြား ရမည်ဖြစ်ပြီး ဆေးရုံမှဆင်းပြီး အလုပ်လုပ်ရက် (၁၀) ရက် အတွင်း ဆေးကုသမှု မှတ်တမ်းနှင့်တကွ အကျိုးခံစားခွင့်တောင်းခံနိုင်ပါသည်။ အာမခံလက်ခံသူမှ ထပ်မံတောင်းခံလာသော လိုအပ်ချက်များကို ၃ လ အတွင်း ပေးပို့ရပါမည်။
အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ
(က) ပြင်းထန်ရောဂါကုသမှုအာမခံ
၁။ ပြင်းထန်ရောဂါကုသမှု
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
- အာမခံလက်မှတ်မူရင်း
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
- ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
၂။ သေဆုံးခြင်း
- အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
- နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
- အာမခံလက်မှတ်မူရင်း
- ငွေရပြေစာနှင့်ပြီးပြတ်လွှာ
- သေဆုံးမှုလက်မှတ်/အထောက်အထားမိတ္တူ
- သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
၃။ ကော်မရှင်ပေးခြင်း
- ပြင်းထန်ရောဂါကုသမှုအာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို ပေးသွင်းပရီမီယံ ပေါ်မှ ၁၀ ရာခိုင်နှုန်းခံစားခွင့်ပြုပါသည်။
- ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။