မွေးမြူရေးကန်များတွင် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့် အညီ ငါး/ပုစွန်များအား မွေးမြူထုတ်လုပ်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း
မွေးမြူရေးကန်များတွင် ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်နှင့် အညီ ငါး/ပုစွန်များအား မွေးမြူထုတ်လုပ်ကြောင်း အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန / April 18, 2018
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
လျှောက်ထားလိုသူသည် မွေးမြူရေးကန်၏တည်နေရာ၊ နေရာ မှန်ကန် မှု၊ မှတ်ပုံတင်ခြင်း၊ GAqP လျှောက်ထားတင်ပြစာတို့နှင့်တကွ ငါးလုပ်ငန်းဦးစီးဌာနသို့ တင်ပြရမည်ဖြစ် ပါသည်။
ဝန်ဆောင်ခ
အခမဲ့
လိုအပ်သောစာရွက်စာတမ်းများ
လုပ်ငန်းလိုင်စင်ရယူထားသောမြေနေရာနှင့်ပိုင်ဆိုင်မှုအထောက်အထား၊ GAqP သင်တန်း တက်ရောက်ပြီးစီးမှု၊ မွေးမြူငါး/ပုစွန်အမျိုးအစား၊ မွေးမြူနည်းစနစ်ဆိုင်ရာစာရွက်စာတမ်းများ
လျှောက်ထားရန်အဆင့်များ
(က) လျှောက်လွှာဖြင့်GAqP Certificate ရရှိရေးအတွက် လျှောက်ထား တင်ပြခြင်း
( ခ ) အဆိုပါလျှောက်ထားမှုအပေါ် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်း
( ဂ ) ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏အတည်ပြုချက်ရယူခြင်း
ဆက်သွယ်ရမည့်လိပ်စာ
မွေးမြူရေးဌာနခွဲ၊ ငါးလုပ်ငန်းဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ရုံးအမှတ် (၃၆)၊ နေပြည်တော်
ဖုန်း ၀၆၇ - ၄၀၈၄၇၆
၄၁၈၅၃၈ (fax)
e-mail : aqddofmm@gmail.com
winpapamyo 2015@gmail.com