မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ eVisa လျှောက်ထားခြင်း
မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
ပြည်ထဲရေးဝန်ကြီးဌာန / July 23, 2024
လျှောက်ထားသူအားလုံးပါရှိရမည့်အထောက်အထား
- နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူ ၂ စုံ
- အိမ်ထောင်စုစာရင်းမူရင်းနှင့်မိတ္တူ ၂ စုံ
- အသက် ၁၀ နှစ်အောက်ဖြစ်လျှင် မွေးစာရင်း မူရင်းနှင့်မိတ္တူ ၂ စုံ
- UID ကတ်ပြား မူရင်းနှင့်မိတ္တူ ၂ စုံ
သင်္ဘောသားဖြစ်ပါက(PS)
- ပြည်တွင်းရေကြောင်းမှ အခြေခံပင်လယ်ပြင် အသက်အန္တရာယ် လုံခြုံမှုသင်တန်းဆင်းလက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ
- သက်တမ်းတိုးဖြစ်ပါက မြန်မာနိုင်ငံကူးလက်မှတ်စာအုပ်ဟောင်း၊ သင်္ဘောသားလုပ်သက်မှတ်တမ်း (CDC)စာအုပ် မူရင်းနှင့် မိတ္တူ ၂ စုံ
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ
စီးပွားရေးမြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားသူများ(PB)
- ကုမ္ပဏီလိုင်စင်(သက်တမ်းရှိ) မူရင်းနှင့် မိတ္တူ ၂ စုံ
- ကုမ္ပဏီမှတ်ပုံတင် မူရင်းနှင့် မိတ္တူ ၂ စုံ
- ပုံစံ(၆/၂၆) မူရင်းနှင့် မိတ္တူ ၂ စုံ
ပြည်ပအလုပ်အကိုင်အတွက် လျှောက်ထားသူများ(PJ)
- အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးမှ ထုတ်ပေးသော အလုပ်သမား မှတ်ပုံတင်ကတ်ပြား မူရင်း
- စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန် ကင်းရှင်းကြောင်း ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ
မှီခိုလျှောက်ထားသူများ(PT)
- နိုင်ငံခြားသားမှီခိုဖြစ်ပါက အပြန်လေယာဉ်စရိတ်ပေးသွင်းပြီးကြောင်း ထောက်ခံစာ
- လက်ထပ်စာချုပ်ကဲ့သို့သော အထောက်အထားများ
ရဟန်းသံဃာများ/ သီလရှင်များ(PR)
- သာသနာဝင်ကတ်ပြား မူရင်းနှင့် မိတ္တူ ၂ စုံ
- မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ
နိုင်ငံ့ဝန်ထမ်းများ
- သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ပခွင့် မူရင်းနှင့် မိတ္တူ ၂ စုံ
တပ်မတော်သားများ၏ ဇနီး/ခင်ပွန်းနှင့် သားသမီးများ
- ကက(ကြည်း)၏ ထောက်ခံချက် မူရင်းနှင့် မိတ္တူ ၂ စုံ
ပြစ်ဒဏ်ကျခံဖူးသူများ
- ထောင်ထွက်လက်မှတ် မူရင်းနှင့် မိတ္တူ ၂ စုံ
GREEN CHANNEL-GC
- MoU အလုပ်သမားများ၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဖလှယ်ပွဲများ၊ သင်္ဘောသားများ၊ ပြည်ပသို့ ခွင့်ဖြင့်သွားရောက်မည့်ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ခရီးသွားအေဂျင်စီများ၊ ပညာသင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် အစိုးရကိစ္စရပ် များဖြင့် သွားရောက်မည့်သူများ၊ ဆက်စပ်သည့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့်များထောက်ခံပြီး ၎င်းဝန်ကြီးဌာနများမှတစ်ဆင့် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး၊ ရုံးအမှတ်(၃၈) ၊ နေပြည်တော်သို့ ရုံးစာဖြင့် ပေးပို့တင်ပြသွားရန် ဖြစ်ပါသည်။
- ပြည်ပသို့ဆေးကုသွားမည့်သူများ၊ ဆေးကုဖော်လိုက်ပါမည့်သူများအနေဖြင့် ပြည်တွင်းဆေးကု မှတ်တမ်း၊ ပြည်ပရှိ ဆေးကုသမည့်ဆေးရုံမှ Appointment Date ပါရှိသည့်ဆေးကုသရန်ခေါ်စာ တို့နှင့်အတူ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ရုံးအမှတ်(၃၈) ၊ နေပြည်တော်သို့ ရုံးစာဖြင့် ပေးပို့လျှောက်ထားနိုင်ပါသည်။
အိမ်တိုင်ရာရောက်ဆောင်ရွက်ပေးမှုအခြေအနေ
- အသက် ၆၀ ကျော် ကျန်းမာရေးမကောင်းသူ
- ဆေးရုံ၊ ဆေးခန်းများတွင် ဆေးဝါးကုသမှုခံယူနေသူများ
- ကျန်းမာရေးအခြေအနေအရ ကိုယ်တိုင်လာရောက်နိုင်ခြင်းမရှိသူများ
မေးလေ့ရှိသောမေးခွန်းများ
eVisa လျှောက်ထားခြင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / November 03, 2021
ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ
(က) e-Visa(ကမ္ဘာလှည့်) အတွက် ခွင့်ပြုနိုင်ငံ (၁၀၀)နှင့် e-Visa(လုပ်ငန်း) အတွက် (၅၅) နိုင်ငံမှ နိုင်ငံသားများအား ခွင့်ပြုပေးလျက်ရှိပါသည်။
( ခ) https://evisa.moip.gov.mm တွင် ဝင်ရောက်လျှောက်ထားရမည်။
( ဂ) သတ်မှတ်လျှောက်လွှာပုံစံအား ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းရမည်။
(ဃ) Passport Scan ပထမစာမျက်နှာ (သက်တမ်း (၆)လ အထက်ရှိသော) ပါရှိရမည်။
( င) e-Visa (ကမ္ဘာလှည့်) အတွက် အောက်ပါအထောက်အထား များ ပူးတွဲလျှောက်ထားရမည် -
(၁) ကာယကံရှင်အမည်ပါရှိသော (Hotel Booking)၊(တရားဝင်မှတ်ပုံတင်ထားသည့်ဟိုတယ်)
(၂) ကာယကံရှင်အမည်ပါရှိသော မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် (Return Ticket)၊ (Hotel Booking နှင့်
ရက်ကိုက်ညီမှုရှိရမည်။)
( စ) e-Visa (လုပ်ငန်း)အတွက် အောက်ပါအထောက်အထားများ ပူးတွဲလျှောက်ထားရမည် -
(၁) ဖိတ်ခေါ်သည့်ကုမ္ပဏီမှ ကာယကံရှင်သို့ တိုက်ရိုက် ဖိတ်ခေါ်စာ
(၂) DICA မှ ခွင့်ပြုထုတ်ပေးသည့် သက်တမ်းရှိသော ဖိတ်ခေါ်သည့်ကုမ္ပဏီမှ ဖိတ်ခေါ်စာ
(၃) ဖိတ်ခေါ်သည့်ကုမ္ပဏီနှင့်သက်ဆိုင်သောအကြောင်းအရာ ဖော်ပြချက် (ရင်းနှီးငွေ၊ ဒါရိုက်တာအဖွဲ့ဝင်စာရင်း
(Company Extract)
(ဆ) ဗီဇာကြေးအား Visa Card, Master Card, JCB Card တို့ဖြင့် Online မှပေးချေရမည်။
ဝန်ဆောင်ခ
(က) eVisa (ကမ္ဘာလှည့်) - အမေရိကန်ဒေါ်လာ ၅၀ နေခွင့်သက်တမ်း (၂၈)ရက်
(ခ) eVisa (လုပ်ငန်း) - အမေရိကန်ဒေါ်လာ ၇၀ နေခွင့်သက်တမ်း (၇၀)ရက်
လိုအပ်သောစာရွက် စာတမ်းများ
(က) eVisa (ကမ္ဘာလှည့်)
(၁) သက်တမ်းရှိသောနိုင်ငံကူးလက်မှတ်(ပထမ စာမျက်နှာ)၊
(၂) ရောင်စုံဓာတ်ပုံ (၁) ပုံ၊ (၃)လ အတွင်း ရိုက်ကူးထားသော (၄.၆ စင်တီ မီတာ x ၃.၈ စင်တီမီတာ)
(၃) ကာယကံရှင်အမည်ပါရှိသော (Hotel Booking)၊ (တရားဝင်မှတ်ပုံတင်ထားသည့်ဟိုတယ်)
(၄) ကာယကံရှင်အမည်ပါရှိသော မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် (Return Ticket)၊ (Hotel Bookingနှင့်
ရက်ကိုက်ညီမှုရှိရမည်။)
(ခ) eVisa (လုပ်ငန်း)
(၁) သက်တမ်းရှိသော နိုင်ငံကူးလက်မှတ် (ပထမစာမျက်နှာ)
(၂) ရောင်စုံဓာတ်ပုံ (၁) ပုံ (၃ လအတွင်း ရိုက်ကူးထားသော ၄.၆ စင်တီမီတာ x ၃.၈ စင်တီမီတာ)
(၃) ဖိတ်ခေါ်သည့်ကုမ္ပဏီမှ ကာယကံရှင်သို့ တိုက်ရိုက်ဖိတ်ခေါ်စာ
(၄) DICA မှ ခွင့်ပြုထုတ်ပေးသည့် သက်တမ်းရှိသော ဖိတ်ခေါ်သည့်ကုမ္ပဏီလက်မှတ်
(၅) ဖိတ်ခေါ်သည့်ကုမ္ပဏီနှင့်သက်ဆိုင်သော အကြောင်းအရာဖော်ပြချက် (ရင်းနှီးငွေ၊ ဒါရိုက်တာအဖွဲ့ဝင်စာရင်း)
(Company Extract)
လျှောက်ထားရန်အဆင့်များ
အဆင့် - ၁
eVisa Website သို့ ဝင်ရောက်ခြင်း။
https://evisa.moip.gov.mm/ တွင်ဝင်ရောက်ပြီး အသေးစိတ်ဖတ်ရှု၍ လျှောက်ထားနိုင်ပါသည်။
အဆင့် - ၂
စည်းကမ်းနှင့်သတ်မှတ်ချက်များ (Term and Condition) အား လက်ခံခြင်း။
ဖော်ပြထားသည့် စည်းကမ်းသတ်မှတ်ချက်များ (Term and Condition) များကို လက်ခံရမည်။
အဆင့် - ၃
လျှောက်လွှာဖြည့်ခြင်း။
https://evisa.moip.gov.mm/fill-personalinfo.aspx တွင်လျှောက်လွှာ ဖြည့်သွင်းရမည်။
အဆင့် - ၄
ဗီဇာကြေးပေးချေခြင်း။
Visa Card (သို့မဟုတ်) Master Card (သို့မဟုတ်) JCB Card တစ်မျိုးမျိုးဖြင့် ဗီဇာကြေးအား online မှ ပေးချေရမည်။
ဆက်သွယ်ရမည့်လိပ်စာ
ဆက်သွယ်ရန် email - contact@evisa.moip.gov.mm
ဆက်သွယ်ရန် ဖုန်းနံပါတ် - +95 67 3431125
ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ
Website လိပ်စာ - https://evisa.moip.gov.mm/
