Visa On Arrival (Tourist)
Visa On Arrival (Tourist)
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / September 02, 2024
၀န်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ
- Visa On Arrival(Tourist) လျှောက်ထားမှုအတွက် တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင် နိုင်ငံသားတို့အား ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိပါသည်။
ဝန်ဆောင်ခ
- အမေရိကန်ဒေါ်လာ (၅၀)ဒေါ်လာ၊ နေခွင့်သက်တမ်း (၃၀)ရက်
လိုအပ်သော စာရွက်စာတမ်းများ
(၁) အနည်းဆုံး (၆)လ သက်တမ်းရှိသော နိုင်ငံကူးလက်မှတ်၊
(၂) လွန်ခဲ့သော (၃) လအတွင်း ရိုက်ကူးထားသော (၄ စင်တီမီတာ x ၆ စင်တီမီတာ) ရောင်စုံဓာတ်ပုံ (၂) ပုံ၊
(၃) မြန်မာနိုင်ငံအတွင်း တရားဝင်ဟိုတယ်လိုင်စင် မှတ်ပုံတင်ထားသည့်ဟိုတယ်၏ ကာယကံရှင်အမည်ပါရှိသော ဟိုတယ်ကြိုတင်
စာရင်းလက်မှတ် (Hotel Booking)၊
(၄) ဟိုတယ်ကြိုတင်စာရင်းနှင့် ရက်ကိုက်ညီမှုရှိသော ကာယကံရှင်အမည်ပါရှိသည့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့်လက်မှတ်
(Return Ticket)၊
(၅) လျှောက်ထားချိန်တွင် အမေရိကန်ဒေါ်လာ(၅၀) ပေးသွင်းရပါမည်၊
လျှောက်ထားရန်အဆင့်များ
- ရန်ကုန်/ မန္တလေး/ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် ကာယကံရှင်ခရီးသည် ကိုယ်တိုင်လျှောက်ထားနိုင်ပါသည်။
ခွင့်ပြုသည့်လေဆိပ်များ
- ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် (Yangon International Airport)
- မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (Mandalay International Airport)
- နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် (Nay Pyi Taw International Airport)
Website လိပ်စာ
www.mip.gov.mm
မေးလေ့ရှိသောမေးခွန်းများ
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများ၌ Online Booking စနစ်ဖြင့် နိုင်ငံကူးလက်မှတ်(Passport) လျှောက်ထားခြင်းဝန်ဆောင်မှု
ပြည်ထဲရေးဝန်ကြီးဌာန / July 23, 2024
နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင်
eVisa လျှောက်ထားခြင်း
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန / November 03, 2021
e-Visa ဌာနစိတ်အနေဖြင့် e-Visa လျှောက်ထားလိုသူများအတွက် ကမ္ဘာတစ်ဝှမ်း အင်တာနက် ဆက်သွယ်မှုရရှိသည့် မည်သည့်နေရာ၊ မည်သည့်ဒေသမှ မည်သည့်အချိန်မဆို အလွယ်တကူ လျှောက်ထားရယူနိုင်ရန်...