ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်စား အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ - ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်စား အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်စား အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 13, 2018
နေပြည်တော် ဒီဇင်ဘာ ၁၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်စား ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် အမေရိကန်-အာဆီယံစီးပွားရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ သံအမတ်ကြီး မိုက်ကယ်မစ်ကလက်နှင့် အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ၏ မြန်မာကော်မတီ ဥက္ကဋ္ဌ ရှယ်ဗယွန်ကုမ္ပဏီတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ လက်ခံ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌဦးစိုးမင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်သံရုံး၊ သံရုံးယာယီတာ၀န်ခံ Mr.George Sibley၊ အမေရိကန်-အာဆီယံစီးပွားရေးကောင်စီအဖွဲ့၀င် ကုမ္ပဏီများဖြစ်ကြသည့် Abbot, Amazon, Chevron, Coca-Cola, Ford, MasterCard, Visa ကုမ္ပဏီတို့မှ ကိုယ်စားလှယ် (၃၀)ဦးလည်း ပါဝင်တက်ရောက်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)
