ပြည်သူပြည်သားအသက်အာမခံ





ပြည်သူပြည်သားအသက်အာမခံ


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 13, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

ပြည်သူပြည်သားတစ်ဦးအနေဖြင့် မိမိဆန္ဒအလျှောက် ထားရှိနိုင်ပါသည်။ အသက်(၁၀)နှစ်မှ (၅၅)နှစ် အထိ ထားရှိနိုင်ပါသည်။

ဝန်ဆောင်ခ

အာမခံထားငွေကျပ် အနည်းဆုံးကျပ် ၅၀၀၀၀ မှ အများဆုံးကျပ်သန်း(၃၀) အထိ အာမခံသက်တမ်း(၅)နှစ်ထားရှိပါက အသက်ပိုင်းအခြားအရ ပရီမီယံနှုန်းတွက်ချက် ကောက်ခံ ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

အာမခံထားသူတိုင်း ကျန်းမာရေးဝန်ကြီးဌာန အသိအမှတ်ပြုဆရာဝန် (သို့မဟုတ်) ဆေးရုံ/ဆေးခန်းများ၏ ဆေးစစ်ချက်ပုံစံဖြင့် ဆေးစစ်ရပါမည်။ (X-ray, E.C.G, Ultra Sound, ဆီးချို/သွေးချို၊ ဘီပိုး/စီပိုး ဆေးစစ်ချက်များအား တင်ပြရပါမည်။)

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

         အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

         လက်ခံလွှာထုတ်ပေးခြင်း

အဆင့်-၃

         ပထမအရစ်ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း

အဆင့်-၄

        ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

ဖြည့်စွက်ချက်

  • အချက်အလက်များထည့်သွင်းခြင်းနှင့် စစ်ဆေးအတည်ပြုပေးပြီးလက်ခံလွှာ၊ စာရင်းချုပ်နှင့် ပေါ်လစီထုတ်ပေးခြင်းလုပ်ငန်းများအား ကွန်ပျူတာစနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။
  • ပြည်သူပြည်သားအသက်အာမခံတွင် အမ်းငွေ၊နှစ်စေ့၊ သေဆုံး၊ ချေးငွေ၊ စာရင်းပိတ်၊ ထာဝစဉ်မစွမ်းမသန်တောင်းခံငွေ ထုတ်ပေးခြင်းများ ဆောင်ရွက် ပေး လျက်ရှိပါသည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ နှစ်စေ့အကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

၂။ ချေးငွေ

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

၃။ အမ်းငွေ

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

၄။ ပေါ်လစီကိုစာရင်းပိတ်ခြင်း

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • စာရင်းပိတ်မည်ဖြစ်ကြောင်းပေါ်လစီရှင်၏အကြောင်းကြားစာ

၅။ သေဆုံးမှုအကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • သေဆုံးမှုလက်မှတ်မိတ္တူ/ သေဆုံးကြောင်းအထောက်အထား
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

၆။ ထာဝစဉ်မသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

၇။ တန်ဖိုးလျော့တောင်းခံငွေ

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

၈။ ကော်မရှင်ပေးခြင်း

        ပြည်သူပြည်သားအသက်အာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို အာမခံ သက်တမ်းစသည့် ပထမနှစ်တွင် ပေးသွင်းသည့်ပရီမီယံပေါ်မှ ၂၀ ရာခိုင်နှုန်း၊ ကျန်သက်တမ်း တစ်လျောက်တွင် တည်မြဲရေးပရီမီယံပေါ်မှ ရာခိုင်နှုန်း ခံစားခွင့်ပြုမည်။

             ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။