စုပေါင်းအသက်အာမခံ





စုပေါင်းအသက်အာမခံ


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 13, 2024

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

အလုပ်ရှင်၏ ဆန္ဒအရသော်လည်ကောင်း (သိုမဟုတ်) အလုပ်သမားများ၏ ဆန္ဒအရ သော်လည်းကောင်း အာမခံထားရှိနိုင်ပါသည်။ အသက်(၁၈)နှစ် မှ (၆၅)နှစ် အတွင်း ရှိသူ ဖြစ်ရပါမည်။ အနည်းဆုံး အလုပ်သမား (၅) ဦး ရှိရပါမည်။

 

ဝန်ဆောင်ခ

အာမခံထားငွေကျပ် ၁၀၀၀၀/- အတွက် တစ်နှစ်ကျသင့်ပရီမီယံမှာ ကျပ် ၁၀၀/- ဖြစ်ပါသည်။

 

လိုအပ်သောစာရွက်စာတမ်းများ

  • မျက်မြင်အားဖြင့် ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမည်။ အလုပ်ရှင်က အလုပ်သမား များ ကျန်းမာကြောင်းထောက်ခံချက်ပါရှိရပါမည်။ အာမခံထားငွေအနည်းဆုံး ကျပ် ၁၀၀၀၀/- မှ အများဆုံး ကျပ် သန်း၅၀ အထိ ထားရှိနိုင်ပါသည်။
  • အသက်(၁၈)နှစ်မှ(၄၅)နှစ်အထိ အာမခံထားငွေ ကျပ် ၁ သန်းအထိ ဆေးစစ်ခြင်း ကင်းလွတ်ခွင့်ဖြင့် လက်ခံပါသည်။
  • အသက်(၄၅)နှစ် ကျော်လျှင်သော်လည်းကောင်း၊ ကျပ်(၁)သန်း အထက် ကျော်လျှင် သော်လည်းကောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အသိအမှတ်ပြု ဆရာဝန် (သို့မဟုတ်)ဆေးရုံ/ဆေးခန်းများ၏ ဆေးစစ်ချက်ပုံစံဖြင့် ဆေးစစ်ရပါမည်။

 

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပရီမီယံပေးသွင်းခြင်း

အဆင့်-၃

ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

 

ဖြည့်စွက်ချက်

  • ထာဝစဉ်မစွမ်းမသန်ဖြစ်၍ လုံးဝအလုပ်မလုပ်ကိုင်နိုင်ခြင်းအတွက် အာမခံထားငွေ၏ ၁၀၀% အကျိုးခံစားခွင့်ထုတ်ပေးပါသည်။
  • အာမခံထားသူများစာရင်းတွင်ပါဝင်သည့် အလုပ်သမားတစ်ဦးသည် အလုပ်ခွင်မှ အပြီးထွက်လျှင် သော်လည်းကောင်း၊ထုတ်ပယ်ခြင်းခံရလျှင် သော်လည်းကောင်း၊ ယင်းနေ့ရက်နောက်ပိုင်း သေဆုံးခြင်းနှင့်ဒဏ်ရာရခြင်းအတွက် နစ်နာကြေး ရခွင့် မရှိပါ။
  • အလုပ်သမားကိုယ်တိုင် ပြစ်မှုကျူးလွန်ရာမှ ရရှိသော ဒဏ်ရာအတွက် နစ်နာကြေး ရခွင့်မရှိပါ။
  • အလုပ်သမားကိုယ်တိုင် ဒဏ်ရာရရှိအောင်ဆောင်ရွက်ခြင်းမှ ရရှိသောဒဏ်ရာအတွက် နစ်နာကြေးရခွင့်မရှိပါ။
  • အလုပ်သမားများသည် အာမခံသက်တမ်းအတွင်း သေဆုံးခြင်း၊ဒဏ်ရာရခြင်း ဖြစ်ပါက (၁) လ အတွင်း မြန်မာ့အာမခံလုပ်ငန်းသို့သတင်းပို့၍ အကျိုးခံစားခွင့် တောင်းခံရမည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ သေဆုံးမှုအကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • ကုမ္ပဏီမှသေဆုံးကြောင်း(သို့မဟုတ်)ရုံးအမိန့်ပြန်တမ်း
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

 

၂။ ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွ့

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၃။ ကော်မရှင်ပေးခြင်း

  • စုပေါင်းအသက်အာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို ပေးသွင်းပရီမီယံပေါ်မှ ၁၅ ရာခိုင်နှုန်းခံစားခွင့်ပြုပါသည်။
  • ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။