သင်္ဘောသားအသက်အာမခံ





သင်္ဘောသားအသက်အာမခံ


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 13, 2024

ဝန်ဆောင်မှုရယူရန်အခြေခံလိုအပ်ချက်များ

သင်္ဘောသားအသက်အာမခံကို အသက်(၁၈)နှစ် မှ (၆၀)နှစ် ရှိသူ ပြည်ပထွက်ခွာသင်္ဘောသား များထားရှိနိုင်ပါသည်။

ဝန်ဆောင်ခ

အာမခံထားငွေ ကျပ် သိန်း(၅၀) အတွက် တစ်ယူနစ်ကျသင့်ပရီမီယံမှာ ကျပ် ၃၀,၀၀၀/-ဖြစ်ပါသည်။ အကယ်၍အသက်(၆၀)နှစ် ကျော်သော်လည်း ကျန်းမာရေးကောင်းသဖြင့် သင်္ဘောသားအသက်အာမခံ ထားရှိလိုပါက အပို ပရီမီယံ ကျပ် ၅၀၀၀/-ထပ်ဆောင်း၍ စုစုပေါင်းပရီမီယံ ကျပ်၃၅,၀၀၀/-ဖြင့် လက်ခံဆောင်ရွက်ပေးပါသည်။ (၁) ယူနစ် မှ (၄) ယူနစ် အထိ ဝယ်ယူနိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

နိုင်ငံကူးလက်မှတ်အမှတ်ဖော်ပြရန်လိုအပ်၍ သင်္ဘောသားမှတ်ပုံတင်အမှတ် စီဒီစီမိတ္တူနှင့် ဆေးမှတ်တမ်းမိတ္တူ တင်ပြရပါမည်။

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပရီမီယံပေးသွင်းခြင်း

အဆင့်-၃

အာမခံလက်မှတ်ထုတ်ပေးခြင်း

ဖြည့်စွက်ချက်

  • သင်္ဘောသားအသက်အာမခံ လက်ခံခြင်းအား ကွန်ပျူတာစနစ်ဖြင့် အဆိုလွှာလက်ခံခြင်း၊ ပရီမီယံငွေရပြေစာ ထုတ်ပေးခြင်းနှင့် သင်္ဘောသားအသက်အာမခံ လက်မှတ်များအား စနစ်မှ တိုက်ရိုက်ထုတ်ပေးလျက်ရှိပါသည်။
  • အာမခံသက်တမ်းအတွင်း သေးဆုံးခြင်း၊ ထာဝစဉ်မသန်မစွမ်းနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

​​​​​​​

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ သေဆုံးမှုအကျိုးခံစားခွင့်

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • သေဆုံးကြောင်းကုမ္ပဏီ၏အကြောင်းကြားစာ
  • Master Report
  • Death Certificate and Cremation Certificate
  • ၁၀၀/- ကျပ်တန်အခွန်စာချုပ် ၂ စောင်
  • ရန်ကုန်သို့အလောင်းသယ်ယူပါက Airway Bill သံရုံးထောက်ခံချက်နှင့် သင်္ချိုင်းလက်မှတ်
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
    • အလောင်းမရရှိပါက ၁ နှစ် စောင့်ဆိုင်းပြီး အိမ်နီးချင်း(၄)ဦး၏ တစ်နှစ်အတွင်း အာမခံထားသူ အသက်ရှင်သွားလာမှုမရှိကြောင်းထောက်ခံချက်များနှင့်နိုင်ငံသားကတ်မိတ္တူများ

 

၂။ ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွင့်

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • Master Report
  • ဆေးကုသမှုမှတ်တမ်းနှင့်ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ထိခိုက်ဒဏ်ရာရရှိကြောင်းကုမ္ပဏီ၏အကြောင်းကြားစာ