မြွေအန္တရာယ်အသက်အာမခံ





မြွေအန္တရာယ်အသက်အာမခံ


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 13, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက်ကန့်သတ်ချက်မရှိကျား/မ မရွေးထားရှိနိုင်သည်။ အရွယ်မရောက်သေးသူများအတွက် အရွယ်ရောက်သူကထားပေးနိုင်ပါသည်။

ဝန်ဆောင်ခ

တစ်ယူနစ် အာမခံထားငွေကျပ် ၅သိန်း၊ ၁နှစ်သက်တမ်းအတွက် ကျသင့်ပရီမီယံကျပ် ၅၀၀/-နှုန်း ဖြင့် အများဆုံး(၁၀)ယူနစ် အာမခံထားငွေ ကျပ် သိန်း ၅၀ ထားရှိနိုင်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ

မရှိပါ။

အဆင့်-၁

          အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပရီမီယံတစ်ကြိမ်တည်းပေးသွင်းရမည်။

အဆင့်-၃

အာမခံလက်မှတ်ထုတ်ပေးခြင်း

ဖြည့်စွက်ချက်

  • အာမခံသက်တမ်းအတွင်း မြွေကိုက်ခံရခြင်းကြောင့် သေဆုံးလျှင်ကျပ်(၅)သိန်း၊ ဆေးဝါးကုသစရိတ်အများဆုံးကျပ် ၈၀၀၀၀/- ရရှိနိုင်ပါသည်။
  • မြွေကိုက်ခံရသဖြင့် အသက်မဆုံးရှုံးသော်လည်း မျက်စိ၂လုံးစလုံးကွယ်ခြင်း၊ ကိုယ်တစ်ပိုင်းသေခြင်း၊ ခြေချောင်းလက်ချောင်းများ ဖြတ်တောက်ရခြင်း တို့အတွက် ကျန်းမာရေးဌာန၏ ထောက်ခံချက်ဖြင့် အများဆုံးအကျိုးခံစားခွင့် ငွေကျပ် ၂၅၀၀၀၀/- အား ထုတ်ပေးပါသည်။
  • မြွေအန္တရာယ်အာမခံထားသူသည် မြွေကိုက်ခံရခြင်းကြောင့် ဆေးဝါးကုသစရိတ် ထုတ်ယူပြီး ဖြစ်စေကာမူ ထပ်မံ၍မြွေကိုက်ခံရခြင်းကြောင့် သေဆုံးပါက ၁ ယူနစ် လျှင် ကျပ် ‌(၅) သိန်း အထိ ထပ်မံခံစားခွင့် ပြုမည်ဖြစ်ပါသည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ သေဆုံးမှုအကျိုးခံစားခွင့်

  • အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • မြွေကိုက်ခံရ၍ သေဆုံးကြောင်းဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • သေဆုံးမှုလက်မှတ်မိတ္တူ
  • မြွေကိုက်ခံရ၍သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

 

၂။ ထိခိုက်ဒဏ်ရာရရှိမှုအကျိုးခံစားခွ့

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ/အိမ်ထောင်စုစာရင်းမိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • မြွေကိုက်ခံရ၍ ထိခိုက်ဒဏ်ရာရရှိကြောင်းဆရာဝန်၏ဆေးစစ်ချက်/ဆေးကုသမှုမှတ်တမ်း
  • မြွေကိုက်ခံရ၍ထိခိုက်ဒဏ်ရာရရှိကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်
  • ဆေးဝယ်ပြေစာများနှင့်ဒဏ်ရာဓာတ်ပုံများတင်ပြရန်

 

၃။ ကော်မရှင်ပေးခြင်း

  • တောင်သူလယ်သမားအသက်အာမခံတွင် ကိုယ်စားလှယ်ကော်မရှင်နှုန်းထားကို ပေးသွင်း ပရီမီယံပေါ်မှ ၈ ရာခိုင်နှုန်းခံစားခွင့်ပြုပါသည်။
  • ကိုယ်စားလှယ်ကော်မရှင်တောင်းခံခြင်းကို ပရီမီယံပေးသွင်းသည့် အထောက်အထား၊ ပြေစာ မိတ္တူတင်ပြပါက ငွေစာရင်းကောင်တာဖွင့်ချိန်အတွင်း နေ့ချင်းပြီး ဆောင်ရွက်ပေးပါသည်။