နိုင်ငံ့ဝန်ထမ်း(ကာလတို)အသက်အာမခံ





နိုင်ငံ့ဝန်ထမ်း(ကာလတို)အသက်အာမခံ


စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန / August 15, 2024

ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ

အသက် ၁၈နှစ် မှ ၅၉ နှစ်အထိ နိုင်ငံ့ဝန်ထမ်းများထားရှိနိုင်ပါသည်။

ဝန်ဆောင်ခ

အာမခံထားငွေအနည်းဆုံးကျပ် (၁)သိန်း မှ အများဆုံး  ကျပ်သိန်း(၃၀၀)အထိ ထားရှိနိုင် ပါသည်။ အာမခံထားငွေ ကျပ် ()သန်း အထက်ကျော်ပါက ကျန်းမာရေး ဖွင့်ဟကြေညာလွှာ ဖြင့် လက်ခံဆောင်ရွက်ပေးလျက် ရှိပါသည်။ အာမခံထားငွေ၊ အာမခံသက်တမ်းနှင့် အသက် ပေါ်မူတည်၍ ပရီမီယံနှုန်းတွက်ချက် ကောက်ခံပါသည်။  အသက်အာမခံနည်းဥပဒေများ အခန်း(၂)၊ အပိုဒ်(၃)အရ ဝန်ထမ်းတစ်ဦး၏ လစဉ်ပေးသွင်းရမည့် ပရီမီယံငွေသည် လစာ၏ ၁၅% ထက် မကျော်လွန်စေရပါ။

လိုအပ်သောစာရွက်စာတမ်းများ

အဆိုလွှာ

လျှောက်ထားရန်အဆင့်များ

အဆင့်-၁

          အဆိုလွှာဖြည့်စွက်ခြင်း

အဆင့်-၂

ပထမအရစ်ပရီမီယံနှင့်တံဆိပ်ခေါင်းဘိုးပေးသွင်းခြင်း

အဆင့်-၃

လက်ခံလွှာထုတ်ပေးခြင်း

အဆင့်-၄

ပေါ်လစီစာချုပ်ထုတ်ပေးခြင်း

ဖြည့်စွက်ချက်

  • အာမခံသက်တမ်း ၃နှစ် ၅နှစ် ၁၀နှစ် ထားရှိနိုင်ပြီး နှစ်စေ့အကျိုးခံစားခွင့်တွင် အာမခံထားငွေ၏ ၂၀% ထပ်ဆောင်ရရှိနိုင်ပြီး အာမခံသက်တမ်းအတွင်း သေဆုံးမှုဖြစ်ပေါ်ပါက အာမခံထားငွေရရှိမည်ဖြစ်သည်။
  • နိုင်ငံ့ဝန်ထမ်း(ကာလတို)အသက်အာမခံတွင် ရရှိနိုင်သော အကျိုးခံစားခွင့်များမှာ အမ်းငွေ၊ နှစ်စေ့၊ သေဆုံး၊ ချေးငွေ၊ စာရင်းပိတ်၊ ထာဝစဉ်မစွမ်းမသန် တောင်းခံငွေများ ထုတ်ပေးခြင်းများအား ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

အကျိုးခံစားခွင့်တောင်းခံမှုအတွက် လိုအပ်ချက်များ

၁။ နှစ်စေ့အကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ပရီမီယံကိုမည်သည့်လအထိပေးသွင်းထားကြောင်းဌာနဆိုင်ရာထောက်ခံချက်
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ

 

၂။ ချေးငွေ

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ပရီမီယံကိုမည်သည့်လအထိပေးသွင်းထားကြောင်းဌာနဆိုင်ရာထောက်ခံချက်
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာ

 

၃။ အမ်းငွေ

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ပရီမီယံကိုမည်သည့်လအထိပေးသွင်းထားကြောင်းဌာနဆိုင်ရာထောက်ခံချက်
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • အလုပ်မှနှုတ်ထွက်ကြောင်း၊ အငြိမ်းစားယူကြောင်း၊ ထုတ်ပယ်ကြောင်းရုံးအမိန့်စာ

 

၄။ ပေါ်လစီကိုစာရင်းပိတ်ခြင်း

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ပရီမီယံကိုမည်သည့်လအထိပေးသွင်းထားကြောင်းဌာနဆိုင်ရာထောက်ခံချက်
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • စာရင်းပိတ်မည်ဖြစ်ကြောင်းပေါ်လစီရှင်၏အကြောင်းကြားစာ

 

၅။ သေဆုံးမှုအကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ပရီမီယံကိုမည်သည့်လအထိပေးသွင်းထားကြောင်းဌာနဆိုင်ရာထောက်ခံချက်
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • အာမခံထားသူသေစာရင်း (သို့မဟုတ်) ကွယ်လွန်ကြောင်းရုံးအမိန့်စာ
  • သေဆုံးကြောင်းရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

 

၆။ ထာဝစဉ်မသန်စွမ်းဖြစ်မှုအကျိုးခံစားခွင့်

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ
  • ဆရာဝန်၏ဆေးစစ်ချက်ထောက်ခံစာ
  • ဆေးကုသမှုမှတ်တမ်းစာအုပ်မိတ္တူ
  • ထာဝစဉ်မသန်စွမ်းဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက်

 

၇။ တန်ဖိုးလျော့တောင်းခံငွေ

  • အာမခံထားသူ/အကျိုးခံစားခွင့်ရှိသူ၏တောင်းခံလွှာ
  • နိုင်ငံသားကတ်မိတ္တူ
  • ပေါ်လစီစာချုပ်မူရင်း
  • ပရီမီယံကိုမည်သည့်လအထိပေးသွင်းထားကြောင်းဌာနဆိုင်ရာထောက်ခံချက်
  • နောက်ဆုံးပေးသွင်းသည့်ပရီမီယံပြေစာမိတ္တူ
  • ငွေရပြေစာနှင့်ပြီးပြတ်လွှာ



မေးလေ့ရှိသောမေးခွန်းများ