ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 04, 2025


ဘားအံ - ဇွန် (၄)

တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံ့စီးပွားတိုးတက်ရေးကို များစွာထိခိုက်စေသည့်အတွက် ထိရောက်စွာ တားဆီးအရေးယူဆောင်ရွက်နိုင်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တရားမဝင်ကုန်သွယ်မှုများသည် ကျယ်ကျယ်ပြန့်ပြန့်အမြစ်တွယ် နေသည့်အတွက် တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ဖို့လိုပြီး သွင်းကုန်သာမက ပို့ကုန်များကိုလည်း စိစစ်ဆောင်ရွက်ဖို့လိုကာ လုံခြုံရေးအသိ လုံခြုံရေးသတိ ဖြင့် လုပ်ကိုင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က ပြည်နယ်အတွင်းတရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနေမှု၊ လိုင်စင်မဲ့ယာဉ် ဖမ်း ဆီးအရေးယူဆောင်ရွက်နေမှုနှင့် ပိုမိုထိရောက်စွာတားဆီးအရေးယူနိုင်ရေးကြိုးပမ်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြပြီး အထူးအဖွဲ့အတွင်းရေးမှူး အကောက်ခွန်ဦးစီးဌာနညွှန်ကြားရေးမှူးဦးစိုးညွန့်အောင်က တရားမဝင် ကုန်သွယ်မှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ အမှုတွဲ ၂၅၉၉ မှုဖမ်းဆီးအရေးယူဆောင်ရွက်နိုင်မှု၊ နှစ်အလိုက်နှိုင်းယှဉ်ချက်၊ ဦးဆောင်ကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင် ရွက်နိုင်မှု၊ တရားမဝင်ကုန်သွယ်မှုလျော့နည်းစေရေးလက်ရှိဆောင်ရွက်နေမှုနှင့်အကြံပြုတင်ပြချက်များကို ဆွေးနွေး တင်ပြကာ ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် မြဝတီကုန်သွယ်ရေးဇုန် ကုန်သွယ်ရေးဦးစီးဌာန တာဝန်ခံညွှန်ကြားရေးမှူးက မြန်မာ-ထိုင်း နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ဘဏ္ဍာနှစ်အလိုက်တားဆီး/ဖမ်းဆီးအရေးယူခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြ ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

 


၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Posted on Dec 13, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,