ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး တောင်သူစည်းရုံးပညာပေးကွင်းသရုပ်ပြပွဲများ ကြည့်ရှုအားပေး

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး တောင်သူစည်းရုံးပညာပေးကွင်းသရုပ်ပြပွဲများ ကြည့်ရှုအားပေး


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 19, 2025
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး တောင်သူစည်းရုံးပညာပေးကွင်းသရုပ်ပြပွဲများ ကြည့်ရှုအားပေး


ဘားအံ - ဇွန် (၁၉)

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါး ၄၂၇၁၅၁ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး လျာထားဧက ပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကအထွက်နှုန်းပန်းတိုင်ရည်မှန်ချက်ပြည့်မီကျော်လွန်ရေး ပြည်နယ်စိုက်ပျိုးရေးဦးစီး ဌာနနှင့်ဆက်စပ်ဌာနများက တောင်သူစည်းရုံးပညာပေးလုပ်ငန်းများကို‌ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာ၊ ကွင်းအမှတ်-၁၂၁၅/က တောင်သူဦးမောင်လင်းအောင်၏ ပိုက်ဆံလျှော်စိုက်ခင်းအတွင်း၌ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ သစ်စိမ်းမြေဩဖာ(ပိုက်ဆံလျှော်)ထယ်ထိုး မြေမြုပ်ခြင်း ကွင်းသရု်ပပြပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ဝင်းကျန်၊ ဖာလင်-၁၊ ဖာလင်-၂ ကျေးရွာများမှ တောင်သူများက အမှတ်(၂၀)စက်မှုလယ်ယာစခန်း(ဘားအံ)၏ Kubota 50 ထွန်စက်ကြီးများဖြင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ပင်များအား ထယ်ထိုးမြေမြုပ်ခြင်းကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနမှတာဝန်ရှိသူများက သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)စိုက်ပျိုးထယ်ထိုးမြေမြုပ်ခြင်းအားဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ ဓာတ်မြေဩဇာအသုံးပြုမှုကိုလျော့ချ၍ ဈေးနှုန်းသက်သာပြီး ရေရှည်တွင်မြေဆီဩဇာကောင်းမွန်စေသော သဘာဝမြေဩဇာများကို တောင်သူများတွင်တွင် ကျယ်ကျယ် အစားထိုးအသုံးပြုလာစေရန် စူပါဘိုကာရှီမြေဆွေးပြုလုပ်သုံးစွဲနည်းကို လက်တွေ့ပြုလုပ်ပြသရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး တက်ရောက်လာသောတောင်သူများ၏ မေးမြန်းဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဖြေကြား၍ တောင်သူများကိုယ်တိုင် ပြန်လည်ပြုလုပ်သုံးစွဲကြရန် တိုက် တွန်းပြောကြားသည်။

ယင်းနောက် ဝင်းကျန်ကျေးရွာ ကွင်းအမှတ်-၁၂၁၅/ခ၊ တောင်သူဒေါ်ထွေးမြ၏ လယ်မြေ ၅ ဧက၌ မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ကျင်းပရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းမြင့်က မျိုးစေ့ချကိရိယာဖြင့်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်စီးပွား ရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က မိုးစပါးစွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဆွေးနွေးပြောကြားကာ တောင်သူ များ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြား၍ လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက်၊ ဇွန် ၂၁ ရက်၊ စနေနေ့။


Posted on Jun 21, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။


Posted on Jun 19, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။


Posted on Jun 18, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Jun 17, 2025

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Jun 16, 2025
AnnouncementsExplore more >

မြန်မာနိုင်ငံပြန်တမ်း

Posted on Jun 20, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမိုးကို အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်သည့်နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည်။

HOT NEWS
January 4,