ကျောင်းအပ်နှံရေးသာမက ကျောင်းထွက်သူပပျောက်ရေးကိုပါ အထူးအလေးထားဆောင်ရွက်သွားရန် ကရင်ပြည်နယ် ဝန်ကြီးချုပ်တိုက်တွန်း

ကျောင်းအပ်နှံရေးသာမက ကျောင်းထွက်သူပပျောက်ရေးကိုပါ အထူးအလေးထားဆောင်ရွက်သွားရန် ကရင်ပြည်နယ် ဝန်ကြီးချုပ်တိုက်တွန်း


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / May 25, 2026


ဘားအံ - မေ (၂၅)

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကရင်ပြည်နယ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို မေလ ၂၅ ရက်နေ့ နံနက် ၈ နာရီ က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကျောင်းအပ်နှံရေးသာမက ကျောင်းထွက်သူပပျောက်ရေးကိုပါ အထူးအလေးထားဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်တို့က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့အခမ်းအနား မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြပြီး ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ် တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။

ထို့နောက် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အဆိုပါအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ် ပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းအပ်နှံရေးသာမက ကျောင်းထွက်သူပပျောက်ရေးကိုပါ အထူးအလေးထားဆောင်ရွက် သွားကြစေလိုကာ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းသို့ရောက်ရှိစေရေး၊ ကျောင်းထွက်သူမရှိစေရေး၊ ကလေးတိုင်းပညာသင်ယူခွင့်ရရှိစေရေးတို့ကို အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများ၊ မိဘပြည်သူ များ၊ ပညာရေးဝန်ထမ်းများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဦးစသိန်းကျော်က ကျောင်းအပ်နှံရေးဆိုင်ရာကိစ္စရပ်များ ကို ရှင်းလင်းတင်ပြပြီး အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက စာသင်ကျောင်း ကခေါင်းလောင်းသံ သီချင်းဖြင့် ကပြဖျော်ဖြေကာ စေတနာရှင်အလှူရှင်များက ကျောင်းအပ်နှံရေးအတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းနေရန်အခက်အခဲရှိသော ကျောင်းသား၊ ကျောင်း သူများအား စေတနာရှင်၊ အလှူရှင်များမှ လှူဒါန်းသော ထီး၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးလွယ်အိတ်၊ ဗလာစာအုပ်၊ ခဲတံ များကို ပေးအပ်ခဲ့ကြပြီး အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ပရဟိတရဲ့ မေတ္တာစိမ့်စမ်း သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်း ပြသထားသော ကျောင်းအပ်နှံရေးသီတင်းပတ်မတိုင်မီ အကြိုလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများ၊ ပညာရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်များကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၌ KG တန်းမှ Grade-12 ထိ ကျောင်းအပ်လက်ခံပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေး၍ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ခဲတံ၊ ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံများကို ပေးအပ်ချီးမြှင့် ခဲ့ပါသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 20, 2026
AnnouncementsExplore more >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ