စက်မှုနှင့် သက်မွေးပညာ ရွေ့လျားသင်တန်းဖွင့်လှစ်

စက်မှုနှင့် သက်မွေးပညာ ရွေ့လျားသင်တန်းဖွင့်လှစ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 02, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၁

စက်မှုနှင့် သက်မွေးပညာ ရွေ့လျားသင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ စက်မှုဇုန်ခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဒက္ခိဏသီရိစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းရှင်များ၊ သင်တန်းနည်းပြဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနမှဖွင့်လှစ်ထားသည့် စက်မှုသင်တန်းကျောင်းများ၊ ကျွမ်းကျင်မှုအခြေပြု ကာလတိုသုံးလသင်တန်းများသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် စက်မှုဆိုင်ရာ အခြေခံပညာရပ်များကို သင်ကြားတတ်မြောက်ပြီး အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေရာတွင် အထောက်အကူဖြစ်စေရေးအတွက် စက်မှုနှင့် သက်မွေးပညာရွေ့လျားသင်တန်းများကို ၂၀၁၄ ခုနှစ်မှစတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များတွင် သင်တန်း ၁၄၈ ကြိမ်ဖွင့်လှစ်၍ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၇၃၃၈ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း။

စက်မှုနှင့် သက်မွေးပညာရွေ့လျားသင်တန်းများတွင် သင်ကြားသော ဘာသာရပ်ဆိုင်ရာသင်တန်းများသည် အသိပညာအဆင့်မှ လက်တွေ့အသုံးချလုပ်ကိုင်၍ ကျွမ်းကျင်မှုအဆင့်သို့ ဦးတည်သည့် ပညာရပ်များဖြစ်ခြင်းကြောင့် သင်တန်းကာလအား အနည်းဆုံး ရက်သတ္တနှစ်ပတ်သတ်မှတ်ထားရှိကြောင်း၊ ယခုသင်တန်းတွင် စက်မှုလုပ်ငန်းများအတွက် လိုအပ်သော အခြေခံအုတ်မြစ်များကို လေ့ကျင့်သင်ကြားပေးမည်ဖြစ်၍ စနစ်တကျနာယူ မှတ်သားကြရန်နှင့် သင်ယူရရှိလာသည့် ပညာရပ်များကို လုပ်ငန်းခွင်တွင် အချင်းချင်းပြန်လည်မျှဝေပေးသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်က နေပြည်တော်အတွင်းရှိ စက်မှုလုပ်ငန်းများဆောင်ရွက်နေမှု၊ MSME များအတွက် လိုအပ်သော ချေးငွေများထုတ်ချေးပေးထားမှု၊ SME Member Card များ ထုတ်ပေးပြီးစီးမှုနှင့် ဒေသအတွင်း ထုတ်ကုန်ပစ္စည်းပြပွဲ/ ပြိုင်ပွဲများကျင်းပခဲ့မှုအခြေအနေ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌက စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများ လည်ပတ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အခြေခံစက်ပြင်ဘာသာရပ်၊ အခြေခံလျှပ်စစ်ဘာသာရပ်၊ အခြေခံဂဟေဆက်ဘာသာရပ်တို့ကို တက်ရောက်သင်ကြားမည့် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားပြီး သင်ထောက်ကူပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၆၈ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို ဒီဇင်ဘာ ၁ ရက်မှ ၁၂ ရက်အထိ နှစ်ပတ်ကြာ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Posted on May 26, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Posted on May 24, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။


Posted on May 23, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Posted on May 22, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Posted on May 21, 2026
ကြေညာချက်များဆက်လက်ကြည့်ရှုရန် >

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Posted on Jan 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ